5 လပိုင်း 26 ရက်... ဒီနေ့ကတော့ မီးမီးရဲ့ အင်း မင်္ဂလာဆွမ်းကျွေးလို့ပဲပြောရမှာပေါ့ အခုမနက်ပိုင်းကိုကိုနဲ့ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းချိုင့်ပို့pတရားနာရမှာကြောင့် အန်တီလေးလိုက်ချုပ်ပေးထားသည့် တစ်ဦးတည်းသောမြန်မာဝတ်စုံမိုးပြာရောင်လေးအားဝတ်လိုက်ကာ ဆံပင်ကိုနှစ်ဖက်ခွဲပြီးငါးမြှီးဆံကျစ် ကျစ်လိုက်ပြီး မိတ်ကပ်ပါးပါးနှုတ်ခမ်းနီပါးပါးတင်လိုက်သည်အောက်ထပ်ဆင်းလိုက်တော့မာမီတို့ဒယ်ဒီတို့ကအပြင်အဆင်ကြောင့်ခြံထဲတွင်အလုပ်ရှုပ်နေသောကြောင့်ဘယ်သူမှမရှိ
မဟုတ်ပါဘူး တစ်ယောက်ယောက်ရှိနေတာလား
မရှိဘူးလို့ထင်လိုက်ပေမယ့် မိန့်မိန့်ကြီးထိုင်ကြည့်နေသောကိိုကို့ကြောင့်လန့်သွားကာခုထိဘာမှမပြောပဲငြိမ်သက်ပြီးသူမကိုသာကြည့်နေသောကြောင့်
ဗမာဝတ်စုံဝတ်ထားခြင်းအားသတိရကာ ရှက်သွားရသည် ကြိုးတစ်ကိုင်းတွေဝမ်းကွာတားတွေဝတ်တာတောင်အခုလိုမြန်မာအိင်္ကျီဝတ်ထားရတာလောက်မရှက်ပါ။"ကိုကို...ကိုကို့"
" ကြားတယ်"
လေးခါမြောက်မှ ကိုကိုကထူးကာ ပြန်ပြောလာခြင်း။
" မီးမီးပြီးပြီလို့ပြောမလို့.."
" အင်းး သိတယ်"
" သွားရအောင်... "
" အင်းသွားလေ သွားမယ်လေ လို့ပြောတာ"
ကိုကိုကဥိးဆောင်ကာ လက်ဗလာနဲ့ရှေ့က သွားမည်လုပ်တော့ " ဆွမ်းချိုင့်ကောကိုကို" လို့မေးလိုက်ရသေးသည်
"ကားပေါ်မှာတင်လိုက်ထားပြီးသား မင်းက မင်းကဒီတိုင်းလူပဲ လိုက်ခဲ့ရင်ရပြီ"တဲ့..
ဘုန်းကြီးကျောင်းရောက်ဖို့အရေး ကွေ့ရမယ့်လမ်းကိုကျော်ကျော်သွားမိသဖြင့် ဒဏ္ဍာ့သခင် လမ်းကသုံးခါလောက်မှားနေသည် နာရီဝက်သွားရမည့်ခရီး တစ်နာရီလောက်မောင်းပြီးသာ့်အခါတွင်တော့ရောက်လာပါပြီ *သီရိဓမ္မာ ဘုန်းတော်ကြီးကျောင်း*တဲ့ လမ်းကလည်း မမှားချင်မှနေရော အခုလောက်ဘေးကနေထိုင်လှပြနေတဲ့သူရှိတာ ဒီကောင်စိတ်မလွတ်ပဲနေမလား။
![](https://img.wattpad.com/cover/314244850-288-k314266.jpg)
YOU ARE READING
as long as you love me
Romance"မီးမီးက ကိုကို့ကိုမလိုက်ပဲ တစ်ခြားရုပ်ချောတဲ့ကောင်လေးကိုပဲရွေးပြီးလိုက်နေတာ" "ကိုကိုက ကိုကိုက ပုန်းနေတော့မီးမီးမှမတွေ့တာ အဲ့တာကြောင့်တွေ့တဲ့သူကိုလိုက်လိုက်ရတာ" "ပုန်းနေရင်လိုက်ရှာလေ လိုက်ရှာရအောင်လို့ပုန်းတာမသိဘူးလားအဲ့တာကိုမရှာတဲ့အပြင် အဲ့ကောင်နော...