ကိုကို ကိုးတန်းနှစ်//
"ကိုကို...ဖေဖေ့ကိုရီမုဒ်လေးလှမ်းပေး"
"ကိုကို..."
"ကျစ်... ဒဏ္ဍာ့သခင် ဖေဖေပြောနေတာကြားလား""အင်းကြားတယ်"
စစ် tvထိုင်ကြည့်ရင်းလိုင်းပြောင်းချင်သဖြင့် ကိုကို့ဘေးမှရီမုဒ်အားလှမ်းတောင်းနေသော်လည်းသားတော်မောင်ကအဖက်မလုပ်ပဲနေနေသဖြင့် အော်လိုက်သည် ထိုအခါမှ ကိုကိုက တစ်ချက်ကြည့်ပြီးရီမုဒ်ကိုလှမ်းပေးသည်
"ဖေဖေ ပြောနေတာကြာလှပြီအခုမှစကားပြန်ပြောရလားကိုကို ဘာလို့အဲ့လောက်ဖေဖေ့ကိုလေးစားနေရတာလဲ"
"ဟိတ်ကောင်စကားပြန်ပြောလေ"သူပြောတာကိုမကြားသလိုထပ်လုပ်နေသောသားဖြစ်သူကိုသူထပ်ငေါက်လိုက်သည် တကယ်ပါတစ်ယောက်တည်းမွေးထားမိလို့တော်ရုံကျပါရဲ့။
"ကိုကိုကဖေဖေ့ကိုကိုမလို့လား..."
"ဟမ်.."
"ကိုကိုကဖေဖေ့သားလားဖေဖေ့ကိုကိုလား
နောက်ဆိုကိုကိုလို့ခေါ်ရင်ကိုကိုမထူးတော့ဘူးဖေဖေကိုကိုခေါ်ချင်ရင် ဦးမြတ်(ဘုန်းမြတ်မင်း)ကိုသာသွားခေါ်သူကမှဖေဖေ့ကိိုကို"ကိုကိုမနေ့က မီးမီးတို့အခန်းမှကောင်မလေးက သူ့အား မီးမီးနည်းတူကိုကိုဟုခေါ်လာသဖြင့် သူကြိတ်မနိုင်ခဲမရဖြစ်နေမိသည် သူကဘာလို့အဲ့လိုခေါ်တာလဲလို့မေးတော့မီးအိမ်ရှင်ကအဲ့လိုခေါ်နေကြမလို့လေတဲ့ စိတ်ပျက်လိုက်တာ မီးမီးခေါ်တိုင်းသူတို့ကလိုက်ခေါ်စရာလား.
ထိုကိစ္စကိုမနေ့ညကတည်းကသူတစ်ညလုံးစဉ်းစားနေမိသည် ကိုကိုဆိုတာသူ့အတွက်အိမ်နာမည်တစ်ခုလိုဖြစ်နေသည်သို့သော်ထိုနာမ်စားကနာမည်ပြောင်မဟုတ်။ မီးမီးကသူ့ထပ်ငယ်လို့ ကိုကိုလို့ခေါ်တာကိုသူကလည်းမီးမီးနဲ့စကားပြောလျှင် ကိုကိုကဘာမီးမီးကဘာဟုပြောရင်းကိုကိုဟုသုံးမိသည်.. နောက်ပိုင်း မီးမီးကလေကိုကိုကေလဟုပြောကြရင်းမေမေတို့ကပါကိုကိုလို့လိုက်ခေါ်ကြတော့သည်အဆုံးသတ်တော့မီးမီးကလွဲရင်ဘယ်သူ့ကိုမှထိုသို့မခေါ်ခိုင်းတော့ဖို့စိတ်ပိုင်းဖြတ်လိုက်သည်

YOU ARE READING
as long as you love me
Romance"မီးမီးက ကိုကို့ကိုမလိုက်ပဲ တစ်ခြားရုပ်ချောတဲ့ကောင်လေးကိုပဲရွေးပြီးလိုက်နေတာ" "ကိုကိုက ကိုကိုက ပုန်းနေတော့မီးမီးမှမတွေ့တာ အဲ့တာကြောင့်တွေ့တဲ့သူကိုလိုက်လိုက်ရတာ" "ပုန်းနေရင်လိုက်ရှာလေ လိုက်ရှာရအောင်လို့ပုန်းတာမသိဘူးလားအဲ့တာကိုမရှာတဲ့အပြင် အဲ့ကောင်နော...