Episode 11

15 1 0
                                    

Unicode version


စာရေးဆရာ Thaawng faa
Facebook page.. Thaawng faa

ဤဇာတ်လမ်းထဲရှိအကြောင်းအရာနှင့်ဇာတ်ကောင်တို့သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်❕❕❕

🏥🏥🏥

ရွာလေးကိုရောက်တာနဲ့​ဒေါနဆေးရုံအတွက်လိုအပ်တဲ့ ပစ္စည်းတွေကိုပြင်ဆင်နေမိသည်။
ရွာသူရွာသားတွေလည်းဒေါနကိုလုပ်ကူကြ​​လေ ၏ပင်ပန်းနေသော်လည်းအခုလိုလုပ်အားပေးပြီးကူညီကျတဲ့အတွက်ဒေါနပီတိဖြစ်မိသည်။

ဒါပေမယ့် pလုန်ဒေါနတို့ဆီလာတာကိုမတွေ့မိပါ...
Pလုန်ကဒေါနအတွက်ဆိုဒီလောက်တောင်ပျက်သားပြီးစိတ်မဝင်စားဘဲနေနိုင်တာလား။
ဒေါနဆေးတွေကိုစနစ်တကျလေးနေရာစီနေပေမဲ့အာရုံ​တွေအခြားသောနေရာသို့လွင့်နေသည်။
အခုလောလောဆယ်ဆရာဝန်ဆိုလို့ဒေါနဘဲရှိသေးသည်။သူနာပြုအကူလဲမရှိတော့ဒေါနတစ်ယောက်ဘဲအခက်တွေ့စေသည်။
ရန်ကုန်ကဆရာဝန်ကြီးတို့ကိုတိုင်ပင်ကြည့်တော့ကျောင်းအလွန်ဆုံး၉တန်းအောင်တဲ့သူ၊အသက်လည်းငယ်တဲ့သူရွာမှာရှိတဲ့တစ်ယောက်ယောက်ကိုခေါ်ပြီးဆေးပညာလဲသင်ရင်း.လခလဲပေးပြီးအကူသူနာပြုခေါ်ပါတဲ့
ထိုအရာတွေကဒေါနကိုစိတ်ညစ်စေသည်။ဒီလိုအချိန်တွေမှာသာpလုန်ဆီကအကြံအညဏ်ကိူလိုချင်မိသည်။

"ဟေ့..ဒေါန ဘာတွေငေးနေတုန်း..."

ဒေါန သူနာပြုအကူကိုစဥ်းစားနေရင်းမောင်မောင်ရောက်လာခဲ့တော့။ဒေါနမေ့နေတဲ့အရာတစ်ခုရှိနေခဲ့ပါလားအဲ့တာကမောင်မောင်တစ်ယောက်လုံးရှိနေတာကိုဒေါန ဘာတွေတွေးနေမိတာလဲမောင်မောင်ကဆယ်တန်းလဲအောင်ပြီးပြီဒီလိုကျောင်းပိတ်ရက်အတွင်းခေါ်ထားရုံဘဲဟာကို။
ဒေါနလဲထိုသို့စဥ်းစားပြီးဆေးတွေကိုဟိုကြည့်ဒီကြည့်နဲ့နေနေတဲ့မောင်မောင်ဘက်ကိုလှည့်ပြီး

"မောင်မောင်..ဒေါန နဲ့အတူဒီဆေးရုံငယ်လေးထဲမှာအလုပ်အတူမလုပ်ချင်ဘူးလား"

မောင်မောင်ကဒေါန ကိုကြောင်ကြည့်ပြီး..

"ဘယ်လိုဒေါန ."

"ဒီလိုလေမောင်မောင်အခုဒီရွာမှာဆရာဝန်ဆိုလို့ဒေါနဘဲရှိတာအဲ့တော့သူနာပြုအကူလဲမရှိဘူးပြီတော့မောင်မောင်ကဆယ်တန်းအောင်ပြီးသားမလားဒါကြောင့်​မောင်မောင်ကိုအကူဖြစ်ခေါ်ချင်လို့ လခလဲရမှာလေ"

Wormwood(ไม้วอร์มวูด)Nơi câu chuyện tồn tại. Hãy khám phá bây giờ