Episode (3)

32 4 0
                                    


Zawgi version

  Wormwood(3)
      

စာရေးဆရာ.. Thaawng faa
Facebook page.. Thaawng faa

ဇာတ်လမ်းထဲရှိအကြောင်းအရာနှင့်ဇာတ်ကောင်တို့သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်

                        အပိုင်း(၃)

ဒေါနစီးလာတဲ့မှန်လုံကားသည်......
မွန်းကျပ်လွန်းတဲ့မြို့ပြကြီးကိုတဖြည်းဖြည်းနဲ့ကျောခိုင်းခဲ့သည်။

ဒေါန ရဲ့စိတ်တွေခါတိုင်းနဲ့မတူဘဲပေါ့ပါးနေသလိုခံစားရသည်။
ဒေါနနားကျပ်တပ်ပြီးသီချင်းနားထောင်နေမိသည်။မှန်လုံကားသည်တစ်ဖြည်းဖြည်းနဲ့မြို့ပြကြီးနဲ့ဝေးလာခဲ့ပြီးတောင်တန်းပြာရေးရေးလေးတွေကဒေါနကိုဆီးကြိုနေသဖွယ်.....
ဒေါနကားခန်းစီးကိုဖွင့်လိုက်ပြီး...

တဲအိမ်လေးကိုတရိပ်ရိပ်နဲကျော်ဖြတ်လာခဲ့
လာသည်ကိုကြည့်ရှု့နေမိသည်...

အညာဒေသသို့ရောက်လာလို့လား
ဒါမှမဟုတ်အဲကွန်းကြောင့်လားမသိပေမဲ့အအေးဓါတ်ဟာဒေါနကိုအေးစေ လာ၏။
ဒေါန လွယ်အိပ်ထဲကလည်စည်းကိုထုတ်ယူလိုက်ပြီးနွေးစေရန်ဒေါနလည်ပင်တစ်ဝိုက်တွင်စည်း လိုက်သည်။

လည်းစည်းမှရလာတဲ့အနံ့လေးကိုဒေါန
နူးနူးညံ့ညံ့လေးရှုရှိုက်လိုက်သည်။ထိုအနံ့လေးဟာအရမ်းကြီးမွှေးမနေသော်လည်းဒေါနထိုရနံ့ကိုသဘောကြမိသည်။

ပြီးတော့လက်မှာဖွဖွလေးကိုင်ထားမိတဲ့ဘာဂျာလေးကိုဒေါန ကြည့်ပြီး။

ဒေါနဝမ်းနည်းမိသည်တရိပ်ရိပ်နဲ့ဖြတ်ကျော်လာတဲ့လမ်းကွင်းတွေကနေကတစ်ဆင့်
ဒေါနရဲ့အတိတ်ဆီကိုလွှမ်းဆွတ်မိသည်.....


          လွန့်ခဲ့သော၁၄နှစ်အချိန်က





အေးချမ်းပြီးတောတောင်ရေမြေလေးတွေနဲ့သာယာနေတဲ့
ကရင်ရွာလေးရွာနာမည်လေးကမယ်လှရွာလေးပေါ့

ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကြားမှာငြိမ့်ငြိမ့်လေးနဲ့စီးဆင်းနေတဲ့မယ်လချောင်းလေးဟာ
ရင့်ကျက်စွာနဲ့စီးဆင်းလေသည်။

ဒေါန သိတက်စအရွယ်ကတည်းကနေဒီ
မယ်လ ဆိုတဲ့ရွာလေးကိုချစ်မြတ်နိုးခဲ့တာပေါ့...

Wormwood(ไม้วอร์มวูด)Onde histórias criam vida. Descubra agora