unicode
စာရေးဆရာ Thaawng faa
Facebook page..Thaawng faaဤဇာတ်လမ်းထဲရှိအကြောင်းအရာနှင့်ဇာတ်
ကောင်သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်❕❕❕❕🏞🏞🏞🏞
မြူတွေဆိုင်းနေသောတောင်းတန်းလေးနှင့်ငှက်လေးတွေပျံသန်းနေတာကိုဒေါနပြတင်းပေါက်ကနေခေါင်းလေးပြူထားပြီးမနက်ခင်းရဲ့အလှတရားကိုကြည့်ရှုနေသည်။
ဒေါနမနေ့ညအကြောင်းလေးတွေကိုစဥ်းစားပြီးပျော်ရွှင်နေမိ၏ဒေါနကိုကြည့်တဲ့pလုန်ရဲ့အကြည့်ဟာဒေါနအတွက်ရင်ခုန်လှုပ်ရှားဖွယ်ရာတစ်ခုပေါ့
Pလုန်ရဲ့ဖြောင့်စင်းသောနှာတံနက်မှောင်သောမျက်ဝန်းတို့ကိုမေ့လို့မရသေး၊
လေပြေလေးဟာအေးချမ်းမှုကိုသယ်ဆောင်လာတော့ဒေါနထိုင်နေရာကထပြီးအခန်းထဲကအစိမ်းရင့်ရောင်လည်စည်းလေးကိုဖတ်လိုက်၏။
ဒေါနမနက်စာအတွက်ရွာထဲက...
စျေးတန်းလေးမှာစားဖို့သွားဝယ်ဖို့ရန်ထွက်လာခဲ့သည်။သပ်သပ်ရပ်ရပ်လေးနဲ့ကုန်စိမ်းလေးကိုကျကျနနတည်ခင်းထားတဲ့စျေးတန်းလေးကိုဒေါနကြည့်ပြီးသဘောကြမိသည်။
ရောင်းတဲ့တိုင်းရင်းသားလေးတွေကလည်းဖော်ဖော်ရွှေရွှေနဲ့အပြုံးလေးတွေနဲ့ရောင်သည်။
ရန်ကုန်ကလိုမျိုးမဟုတ်တဲ့ဒီကိုယ်ထူကိုယ်ထစျေးလေးဟာဒေါန သဘောကြလိုမဆုံးဖြစ်မိသည်။ဒေါနမုန့်ညင်းဖြူလေးနဲ့တို့ဟူးဖြူတို့ကိုဝယ်လိုက်သည်။ဒေါနရဲ့အသုံးအဆေင်တွေဝယ်ဖို့လည်းဒေသထွက်ကုန်ဘဲရောင်းတဲ့ဒီစျေးလေးထဲမှာဘယ်ရှိမလဲ။
ဒေါနလည်းစျေးထဲလျှောက်ပတ်ကြည့်ရင်းစျေးဝယ်ထွက်လာတဲ့မောင်မောင်ကိုတွေ့လိုက်ရတော့ဒေါနမောင်မောင့်ကိုလှမ်းခေါ်လိုက်သည်။"မောင်မောင်စျေးလာတာလား"
"ဟုတ်တယ်ဒေါနရောဘာတွေဝယ်ခဲ့တာလဲ.."
"ဒီလိုပါပဲမုန့်ညင်းဖြူနဲ့တို့ဟူးဖြူဘဲဝယ်ခဲ့တာ"
"အော်ဒါနဲ့ရွာသူကြီးကဒေါန ကိုလာခဲ့အုံးတဲ့မေးစရာရှိလို့တဲ့.."
သူကြီးကလာခဲ့ခိုင်းတော့ဒေါနသွားရမှာပေါ့
"အော်သွားမယ်လေ..တကယ်လို့မောင်မောင်အားရင်လာခဲ့လေအတူတူသွားရအောင်"
ESTÁS LEYENDO
Wormwood(ไม้วอร์มวูด)
Romance🌼 Wormwood🌼 ..... ..... ဒေါနပန်း လေးလိုဘဲ.. ဒေါနနဲ့လုန်တို့တစ်နေ့ခွဲခွာရမှာဘဲ... အဲ့နေ့ကြရင်လုန်ရောဒေါနကိုချစ်အုံးမှာလား ..... ...... 🌼 ဒေါန...🌼 နူးညံလွန်းတဲ့ဒေါနလေးကိုလုန်ဘယ်တော့မှခွဲခွာသွားမှာမဟုတ်ဘူး....ဘာလို့လဲဆိုတော့အဲ့...