Episode 12

15 2 0
                                    


စာရေးဆရာ..Thaawng faa
Facebook page.. Thaawng faa

ဤဇာတ်လမ်းထဲရှိအကြောင်းအရာနှင့်ဇာတ်ကောင်တို့သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်❕❕❕

🌄🌄🌄

ကိုယ်တွေတစ်ခုလုံးနာကျင်ကိုက်ခဲပြီးပင်ပန်းနွမ်းနေ၏ပါးစပ်မှလဲရေအေးလေးကိုတောင်ဆိုနေမိသည်။ရေကိုသာသောက်ချင်သည့်အတွက်လုန်မျက်လုံးကိုဖြေးဖြေးလေးဖွင့်လိုက်တော့ကုတင်ဘေးနားလေးမှာယူနီဖောင်းလေတောင်မချွတ်ဘဲအိပ်နေတဲ့ဒေါနကိုလုန်အံသြပြီးကြည့်နေမိသည်။
မနေ့ညကဘယ်လိုရောက်လာတာလဲအားခေါင်များသွားခေါ်ထားတာလားလုန်ဆက်မတွေး​ဘဲကလေးငယ်လေးသဖွယ်အိပ်နေတဲ့ဒေါနရဲ့နားခေါင်းကိုမထိတထိလေးကိုင်ပြီးစလိုက်တော့ဒေါနနိုးလာသည်။

"ဟင်း..pလုန်ထပြီလား..."

ဒေါန မေးတော့လုန်ကခေါင်းသာငြိမ့်ပြလိုက်သည်။

"အင်..ဒါဆိုဒေါန ပြန်တော့မယ်နော်..."

ဒေါန ဆေးသေတ္တာကိုကိုင်ပြီးထလိုက်ရုံဘဲရှိသေးတယ်လုန်ကဒေါနရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး။

"မပြန်ပါနဲ့အုံး...လုန်ရေသောက်ခြင်လို့..."

"အော်..​"

ဒေါမ ဆေးသေတ္တာ ကိုချလိုက်ပြီး
အောက်ထပ်သို့ဆင်းသွားပြီးရေအေးလေးတစ်ခွက်ကိုခပ်ခဲ့ပြီးအိမ်ပေါ်သို့တက်လာခဲ့သည်။
ဒေါနရေခွက်ကိုင်ပြီးpလုန်ကိုကိုယ်တိုင်တိုက်လိုက်သည်။

ဒေါန ရေတိုက်ပြီးတော့ပြန်ဖို့လုပ်ပြန်တဲ့အချိန်မှာလဲpလုန်က

"ခဏနေပါအုံးဒေါနရယ်"

ဒေါမက စိတ်မရှည်သည့်ဟန်ဖြင့်...

"ကဲဘာဖြစ်ပြန်ပြီလဲ..."

ဒေါန စိတ်ဆိုးသည့်ဟန်ဖြင့်ပြောနေသော်လည်းပါးချိုင့်လေးကြောင့်မြင်ရတဲ့သူတွေအတွက်စိတ်ချမ်းမြေ့စေမှာအမှန်ပါ။

"ဒီလိုပါဒေါန  pလုန်လေညင်းခံထွက်ချင်လို့ပါ...."

"ဟင်းဖျားနေတာကိုဘယ်လိုလုပ်ပြီးလေ ​ညင်းခံထွက်မှာတုန်းလေအပြင်မှာလေစိမ်းတိုက်တယ်လေ..."

Wormwood(ไม้วอร์มวูด)Nơi câu chuyện tồn tại. Hãy khám phá bây giờ