စာရေးဆရာ... Thaawng faa
Facebook page.. Thaawng faaဤဇာတ်လမ်းထဲရှိအကြောင်းအရာနှင့်ဇာတ်ကောင်တို့သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။❕❕❕
🌄🌄🌄
ဘယ်လိုအခြေအနေဘဲရောက်ရောက်ကျွန်တော်ဒေါနလေးကိုအမြဲချစ်သွားမှာ။လုန်ကမနက်အိပ်ယာကထပြီးဒေါနအိမ်ရှေ့မှာရပ်စောင့်နေမိသည်။ဒေါနထွက်လာတော့လုန်ကဒေါနရဲ့ဆေးသေတ္တာကိုလှမ်းယူလိုက်ပြီး
"အကိုလိုက်ပို့ပေးမယ်နော်..."
လုန်ကဒေါနရဲ့ ဆေး သေတ္တာကိုဆွဲပြီးဆေးရုံးလေးဆီသို့လိုက်လာခဲ့သည်။ဒေါနရဲ့ဘေးနားမှာလိုက်လာခဲ့တဲ့pလုန်ကိုကြည့်ပြီးဒေါနပျော်ရွှင်မိသည်Pလုန်သာရှိရင်ဒေါနရဲ့ ဘဝပြည့်စုံပါပြီ။
တစ်လမ်းလုံးစကားမပြောဘဲနဲ့လမ်းလျှောက်လာခဲ့တဲ့ဒေါနနဲ့pလုန်တို့ပုံစံကအူတူတူနဲ့ကြောင်တောင်နိုင်ပေမဲ့နှစ်ယောက်သားရဲ့ရင်ထဲမှာတော့ပြောပြလို့တောင်မကုန်တဲ့အချစ်တွေနဲ့ပြည့်လို့နေတယ်။
အတူလမ်းလျှောက်ရင်းဆေးရုံဆီသို့ရောက်လာခဲ့သည်။pလုန်ကဒေါနကိုကြည့်ပြီး"ဟိုလေဒေါနကိုနေရာတစ်ခုခေါ်သွားချင်လို့လေလိုက်ခဲ့ပါလား"
"ဟင်းpလုန်ဒေါနအလုပ်ရှိသေးတယ်လေနောက်မှသွားရအောင်"
"ဟုတ်ဘူးpလုန်နောက်နေ့ချင်းမိုင်ပြန်ရမှာလေအခုကဒေါနသေချာပေါက်သွားချင်တဲ့နေရာဖြစ်မှာ.."
"ချင်းမိုင် ပြန်တော့မှာလား"
ဒေါနကpလုန်ပြန်တော့မယ်ဆိုတာကြားတော့ဝမ်းနည်းမိသွားသည်။ဒေါနလေpလုန်ကိုမခွဲချင်တာအမှန်ပါ။
ဒေါနရဲ့ဝမ်းနည်းသွားတဲ့မျက်နှာကိုမြင်တော့pလုန်က
"အော်ဒေါနလေးရယ်အကိုကနှစ်ရက်လောက်ဘဲကြာမှာပါအလုပ် ကိစ္စ ရှိလို့လေဒေါနလေးရယ်""အင်းပါအဲ့ဆိုလည်းpလုန်ခေါ်သွားမဲ့နေရာကိုသွားတာပေါ့အခုတော့မောင်မောင့်ကိုပြောထားလိူက်မယ်နော်"
"အင်အင်"
မောင်မောင်ကဒေါနနဲ့အတူpလုန်ဝင်လာတာမြင်တော့.....
"ဟင်ဘယ်လိုပြန်တည့်သွားတာလဲဒေါန..."
"ဟီးဒီလိုပါဘဲမောင်မောင်ရယ်..."
VOUS LISEZ
Wormwood(ไม้วอร์มวูด)
Roman d'amour🌼 Wormwood🌼 ..... ..... ဒေါနပန်း လေးလိုဘဲ.. ဒေါနနဲ့လုန်တို့တစ်နေ့ခွဲခွာရမှာဘဲ... အဲ့နေ့ကြရင်လုန်ရောဒေါနကိုချစ်အုံးမှာလား ..... ...... 🌼 ဒေါန...🌼 နူးညံလွန်းတဲ့ဒေါနလေးကိုလုန်ဘယ်တော့မှခွဲခွာသွားမှာမဟုတ်ဘူး....ဘာလို့လဲဆိုတော့အဲ့...