*Unicode*
ညနေစောင်းနေရီမှိုင်းပျပျအချိန်။
စည်းကားလွန်းတဲ့ ကားတစ်ဝီဝီသွားလာနေသော ဆိုးလ်မြို့လည်ရှိ Condo အတွင်း အရာအားလုံးအမှောင်ချထားပြီး တစ်ခန်းလုံးပြည့်နက်နေတဲ့စီးကရက်မီးခိုးငွေ့တွေဟာ ထွက်ပေါက်မဲ့၍မွှန်ထူလွန်းနေသည်။
စီးကရက်ငွေ့လာရာရင်းမြစ်သည် ကုတင်ကြီးကြီးရဲ့ခြေရင်းရှိ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေသည့် ခပ်မိုက်မိုက်ကောင်လေးထံမှတွေးတောနေတဲ့ မျက်ဝန်းတို့ကမူးယစ်ဖွယ်စူးရှလွန်းနေသည်။ဆံနွယ်တို့ကိုအနောက်သို့အပြောင်သပ်တင်ထားပေမဲ့ ချွေးစို့နေသောနဖူးထက် တချို့ကဟိုတစ်စဒီတစ်စဖြင့် ဝဲကျနေသေးသည်။တည်တင်းထားသောနှုတ်ခမ်းထက်က စီးကရက်ကို ပြင်းပြင်းရှိုက်ဖွာကာ ထုတ်လွှတ်လိုက်တဲ့အခိုးအငွေ့တို့အား ကုတင်ပေါ်ကကောင်ငယ်လေးထံရောက်သွားစေရန်ရည်ရွယ်သည်။
ကိုယ်တစ်ချက်လှုပ်တိုင်း လှုပ်ရမ်းသွားတဲ့ ရှုပ်ယှက်ခတ်နေတဲ့နားကတွဲလောင်းလေးတို့ရဲ့ အချင်းချင်းရိုက်ခတ်မိသံ တချွင်ချွင်သည် တိတ်ဆိတ်နေသောအခန်းထဲ ခြောက်ခြားချင်စရာကောင်းအောင် ကျယ်လောင်၍နေသလို အသက်ရှူသံပြင်းပြင်းတွေနဲ့ ဒီအခန်းရဲ့အငွေ့အသက်တွေမကောင်းလေဘူး။
"ဘာလုပ်မလို့လဲ။ ကျွန်တော်ကိုလွှတ်ပေးပါ!..ကိုကိုထယ်"
အနက်ရောင်အိပ်ရာခင်းစထက် ပုလဲလုံးပစ်ချထားသလို ဖွေးဥနေတဲ့ အပေါ်ပိုင်းအင်္ကျီမပါတဲ့ခန္ဓာဟာ အချိုးအစားညီညီဖြင့် စူးကြည့်ချင်လွန်းစရာကောင်းနေအောင်ကိုလှလွန်းသည်။ လက်တွေကိုအလွတ်မပေးပဲ တစ်ဖက်တစ်ချက်ဆီ၌ သံကြိုးဖြင့်ချည်နှောင်ထားခံရသည်။ မကြောက်ရွံ့သော်ငြား စိုးထိတ်နေမိသည်။ ကုတင်ခြေရင်းမှ ထိုလူသားရဲ့အကြည့်စူးရဲရဲတွေက သူ့ခန္ဓာကိုယ်ကိုပေါက်ထွက်မတက်စွန်းစွန်းလျားလျားတွေကြည့်ပစ်နေပြီး လူယုတ်မာဆန်တဲ့အပြုံးတွေချိတ်ထားတာ။
"ထုံးစံအတိုင်း သောက်ရမ်းလှပြနေတဲ့မင်းကို နဲနဲကလိမလို့လေ..ဟက်"
ထိုလူရမ်းကား ထိုင်နေရာမှထကာ မီးစွဲလက်စစီးကရက်တိုကို ကြမ်းပြင်ထက်ပစ်ချလိုက်ပြီး ပြောင်လက်နေတဲ့အနက်ရောင်ဖိနပ်ဖြင့် ဖြည်းဖြည်းခြင်းနင်းခြေလိုက်ပြီး ကုတင်ဘေးသွားရပ်ကာ ခပ်ထေ့ထေ့အပြုံးဖြင့် ကုတင်ထက်က ထိုကောင်လေးရဲ့မျက်နှာလှလှအား မေးဖျားမှဆွဲယူကာအကြည့်ခြင်းဆုံစေသည်။
YOU ARE READING
Alcohol and Cigarette(Complete)
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature