*Unicode*
အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် ကားနက်လေးက ကင်မ်ခြံဝန်းရှေ့တိခနဲ ငြိမ်ကြသွားသည်။ အချိန်အားဖြင့် 9:30 pm နီးပါးရှိပြီဖြစ်တာကြောင့် ညမှောင်မှောင်ပတ်ဝန်းကျင်က လမ်းမီးတိုင်ဝါကျင်ကျင်များနှင့် တိတ်ဆိတ်ငြိမ်သက်လျက်။
"ငါပြန်လာမှာမို့ မင်းစောင့်နေ!...."
ကားထဲမှအေးစက်စက်လေးထုကို လက်ကသံကြိုးကို ဖြည်ပေးရင်း တောင်းဆိုခြင်းမမည်သည့် တစ်ချက်လွတ်အမိန့်ကိုဆိုရင်း ဖြိုခွဲလိုက်သူက နှစ်ယောက်မရှိသည့် အယ်ကိုဟောလိုရစ်မူးစရာ လူရမ်းကားစီမှ။
"ညဥ့်နက်တော့မှာကို မသွားပါနဲ့တော့လား"
"အခုအမိန့်ပေးနေတာလား! ဒီကောင့်ကိုလေ!"
"ဟင်..."
ပြောချင်တာပြောပြီး နားမလည်သည့်ပုံ မျက်ဝန်းတွေဝိုင်းစက်နေတဲ့ အရှေ့ကယုန်သူငယ်။
ကျစ်...လှပါတယ်ဆို ထပ်လှမပြနဲ့ ဒီကောင်ရူးရလိမ့်မယ် မောင့်စီးကရက်ရာ။
"မိဘစကားတောင်နားမဝင်တဲ့ကောင်က မင်းစကားဆိုပိုဆိုးမယ်ဆိုတာသိမဟုတ်လား။"
မျက်နှာဆီ ထိလုမတက်ကပ်လာသည်ကြောင့် ဂျွန်ဂျောင်ဂုမှာ ကားမှန်ဘက်မျက်မှာလွှဲလိုက်ရသည့်အဖြစ်။ ခပ်ထေ့ထေ့လှောင်ပြုံးကြီးနဲ့ အနဲငယ်သောက်ထားသည့်အရှိန်ကြောင့် ရီဝေဝေဖြစ်နေသည့်အကြည့်။ ရင်ဘတ်ဟပြဲဖြင့် လူရမ်းကားက ကြည့်လို့ကောင်းလွန်းသည်ထက်ပိုပါသည်။
သို့သော်
မောင့်စီးကရက်အမြင် အမြင်ကပ်စရာသိပ်သိပ်ကောင်း၏။ညဥ့်နက်ရင် အသွားအလာအန္တရာယ်သိပ်များလို့ စိတ်ပူလို့တားမိတာပါ။ စီးကရက်လေးစကားသံတေက အမိန့်သံပေါက်သွားသည်လား။ တကယ်ပါ စေတနာနဲ့မတန်ဆုံးလူကိုပြပါဆိုလျှင် ဘေးမှ အယ်ကိုဟောလိုအရိုင်းအစိုင်းကိုလက်ညိုးထိုးပြရလိမ့်မည်။
စေတနာနားမလည်သည့် လူ စေတနာဆူးပါစေ။
ပြန်ထွက်ရန်ပြင်နေသောကားကြောင့် ဂျောင်ဂုကားပေါ်မှဆင်းကာ ခြံဝန်းရှေ့ရပ်နေလိုက်သည်။
စက်နိုးပြီး တော်တော်နှင့်မထွက်သေးတာကြောင့် တစ်ခုခုများဖြစ်နေသည်လားဆိုသည့်အတွေးနှင့် ကားနားအသွား မှန်ချလာသည့်ထိုလူကြောင့် ခြေလှမ်းတို့ကရပ်တန့်သွားရသည်။
YOU ARE READING
Alcohol and Cigarette(Complete)
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature