*Unicode *
ညကတည်းက နဂါးထမွှေတာကြောင့် မနက်အလင်းရောင်သဲ့သဲ့ ထွက်လာတဲ့အချိန်မှ ကိစ္စပြီးဆုံးခဲ့၍ ပြန်မအိပ်ဖြစ်တော့။
အညိုနုနုရောင်သမ်းနေသော ကုတင်တက် လှဲချကာလက်တစ်ဖက်ကို ခေါင်းအောက်ခုလိုက်ရင်း
ကိုယ့်နှုတ်တ်ခမ်းကိုပြန်စမ်းကာ အတွေးထဲဝင်လာတာက နီထွေးထွေးအိစက်စက်နှုတ်ခမ်းပါးလျပ်လျပ်ကလေး။ မျက်ရည်ဝေ့တက်နေတဲ့ မျက်ဝန်းအိမ်တွေဖြင့် သူ့အနမ်းအား ငြင်းဆန်နေပုံကို မြင်ယောင်ရင်း ကင်မ်ထယ်ယောင်းအပြုံးတို့က ရပ်တန့်မရအောင်ပင် ပါးတွေခွက်ဝင်နေခဲ့သည်။"အမှန်တိုင်းပြောရရင်တကယ်ချိုတယ်။ သောက်နေကျစီးကရက်တွေလို ခပ်ပြင်းပြင်းစုပ်ယူမိရင် ပြင်းရှရှအရသာက လုံးဝ နိဗ္ဗာန် !! "
မနက်စာစားရင်တွေ့ရမယ့် မျက်နှာလေးမှာ နှုတ်ခမ်းပေါက်ရာလေးနဲ့အတူ မျက်စောင်းပိစိလေးကိုပါမြင်ရဲ့အရေး ရင်ခုန်လို့နေရသည်။
"မုန်းလိုက်တာ!! ဒီကောင်ကြီးကို ရင်ခုန်အောင်လုပ်လို့ စောက်ရမ်းမုန်းတာဘဲ"
မုန်းသည်ဆိုကာ ရှိသမျှသွားတန်းညီတွေ အအေးပတ်အောင် ဖြီးနေသည့် လူရမ်းကားမှာနားလည်ရခက်လွန်းပါရဲ့။
လက်ကနာရီကိုတစ်ချက်ကြည့်လိုက်တော့ 6:43AM ။ သူ့အတွက်ဒီနေ့မှအချိန်တွေက တကယ်နှောင့်နှေးလွန်းနေသသည်။ မရှည်တော့သည့်စိတ်ကြောင့် အောက်ထက်ဆင်းဖို့သာ ဆုံးဖြတ်လိုက်သည်။
မြင်ချင်လှပြီ။ သူ့ကိုမြင်တာနဲ့ မနေ့ညကအနမ်းကိုသတိရပြီး အရှက်သည်းကာရဲတက်သွားမည့်မျက်နှာလေး။ သူ့ရမ်းကားမှုကြောင့် စိတ်အလိုမကျကာ ထိုးလာမဲ့မျက်စောင်းပိစိလေးကိုရော။
သူဆင်းလာတာမြင်သည်နှင့် အိမ်အကူတွေမှာ ပြာပြာသလဲခေါင်းငုံ့နေကြသလို တချို့ကလည်း အံ့ဩသလိုကြည့်နေကြပြန်တယ်။ ပုံမုန်ဆို နေလည်လောက်မှနိုးသည့် သခင်လေးက 7 နာရီမထိုးသေးဘူး နိုးလာခြင်းကြောင့်ပင်။
"သခင်လေး morning !"
အပြုံးလေးဖြင့်လာနှုတ်ဆတ်သော ဦးဂျွန်ကိုခေါင်းအသာငြိမ့်ပြကာ မျက်ဝန်းအစုံက စူးစိုက်ကာ အောက်ထက်တစ်ခုလုံးအား ဝေ့ဝဲကြည့်သော်လည်း စီးကရက်လေးနှင့်တူတဲ့ အရိပ်တစ်စပင်မတွေ့တာကြောင့် ကြည်လင်နေတဲ့စိတ်ပင် ပျောက်သွားရသည်။
YOU ARE READING
Alcohol and Cigarette(Complete)
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature