A & C - 07

1.9K 259 66
                                    

*Unicode*

သိလိုစိတ်ပြင်းပြလွန်းတာကြောင့် ဂျွန်ဂျောင်ဂုတစ်ယောက် အပေါ်ထပ်ပြတင်းပေါက်ရဲ့ လိုက်ကာစအကွယ်နေရာကနေ ကင်မ်ထယ်ယောင်းတို့ပျော်ပါးနေကြရာ ရေကန်ဘက်ဆီကို ချောင်းချောင်းကြည့်ရတာအမော။

လူရမ်းကားကပျော်နေတာ။
အယ်ကိုဟောတစ်ခွက်ရယ် စီးကရက်တစ်လိပ်ရယ် bikini girl များကြား Bathrobe တစ်ထည်ဖြင့် ဖွင့်ထားပါသည့်သီချင်းသံများကြား စီးချက်ညီညီ လှုပ်ရှားနေပုံက နတ်ဘုရားတစ်ပါးလို သိပ်ချောနေပြီး အရှိန်အဝါလည်းသိပ်ကြီးသား။ သွားစွယ်တွေပေါ်အောင် တစ်ချက်တစ်ချက်ပြုံးလာခဲ့ရင် ရင်ဘတ်ထဲဖိုသိုဖတ်ကြီးဖြစ်ဖြစ်သွားရသည်။

*ဒေါက်! ဒေါက်*

ရုတ်ချည်းထွက်လာတဲ့ တံခါးခေါက်သံကြောင့် ကိုယ်လေးတစ်ချက်တုန်တက်သွားရသည်။ လန့်သွားတဲ့အခါ ရင်ဘတ်ပေါ်လက်တင်မိပြီးသား။

တံခါးဖွင့်ပေးလိုက်တော့ နို့တစ်ခွက်နှင့်ရပ်သည့် အိမ်အကူအစ်မတစ်ယောက်။ နေပါဦး...ကိုကိုထယ်ပြောတော့ Banana milk ဆို အခုကနွားနို့ကြီးမဟုတ်လား။

မောင့်စီးကရက်သည် နှုတ်ခမ်းသည်ဆူမိချေပြီ။ မျက်ခုံးတွေတွန့်ချိုးကုန်သည်။

"နို့နဲ့ ငှက်ပျော​သီးကိုသေချာဖျော်ထားတာ ဂျောင်လေး။
readymade ဗူးတွေက ကျန်းမာရေးအတွက်မကောင်းဘူးတဲ့ ကိုယ်တိုင်ဖျော်ပြီးသွားပို့လိုက်ပါလို့ သခင်လေးကမှာထားလို့ပါ"

"ဟုတ်လား...ဂျောင်လေးကနွားနို့တွေ ထင်သွားတာ "

"အဲ့တာကြောင့် နှုတ်ခမ်းလေးဆူလာတာပေါ့လေ"

"ဟာ...မမချွဲယွန်း ဂျောင်လေးနှုတ်ခမ်းမဆူထားပါဘူးနော်"

"ဆူထားပါတယ်"

"မမနော်"

"အမလေးတော် မျက်စောင်းကြီးတော့မထိုးလိုက်ပါနဲ့ ကျွန်တော်မျိုးမ မစတော့ပါဘူးရှင့်"

ချွဲယွန်း စကားကြောင့် ဆူပုတ်ထားတဲ့မျက်နှာလေးက မျက်ဝန်းဝိုင်းဝိုင်းကြီးတွေမှိတ်ကျကုန်သည်အထိ ပြုံးတက်လာပြီး ရယ်သံလွင်လွင်လေးတွေက သာသာယာယာလေး ထွက်ပေါ်၍လာသည်။

Alcohol and Cigarette(Complete) Where stories live. Discover now