( Zawgyi )
မြူးကြွနေသည့် ဂီတသံများကြား၌
ခြေချိတ်ကာဖြင့် ဝီစကီခွက်ကိုင်ကာ
သောက်နေသည့် လူငယ်တစ်ဦးအရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်ဖြင့်
ထိုလူငယ်မှာ တက်တူးများပင်ထိုးထားသည်" ဟျောင့် Jimin အသံတွေကဆူညံနေတာပဲ
တိုးခိုင်းလိုက်စမ်းကွာ နားငြီးတယ် "" Jungkook မင်းရောက်နေတာ bar နော်
VVIP အခန်းထဲသွားနေမယ်ဆိုတော့လည်း
လက်မခံ စောက်ပြသနာမရှာစမ်းနဲ့ကွာ "" ချီးပဲ ဆူညံနေတာပဲ ခုန်ပေါက်ကနေတာ
ဘာတွေကိုခံစားပြီးကနေကြတာလဲ "" အဲ့တာမင်းပြသနာပဲ မင်းမှာအရာအားလုံး
ကောင်းပေမယ့်သည်းခံနိုင်စွမ်းကတော့ 0 ပဲ "" အေး မင်းထင်သလိုပဲ မင်းဘာသာနေချင်နေ
မနေချင်လိုက်ခဲ့ ငါတော့ပြန်ပြီ "" ဟျောင့် ငါကဘာနဲ့ပြန်ရမလဲ "
" korea မှာ ကားကငါ့ကားတစ်စီးပဲရှိတာလား "
ပြောလည်းပြော ကားသော့ဆွဲကာဖြင့်
ထွက်သွားသည့် Jungkook အားကြည့်ကာ
ဒေါသထွက်လျက်ဖြင့်သာကျန်ခဲ့သည်" ခေါ်တုန်းကသူပဲခေါ်ပြီး အခုကျအမျိုးမျိုး
မင်းလိုကောင်နဲ့သူငယ်ချင်းဖြစ်နေရတာအံ့သြတယ် "" အေး ငါလည်း ငါ့အကြောင်းတွေသိရက်နဲ့
ငါနဲ့သူငယ်ချင်းဖြစ်နေတဲ့မင်းကို အံ့သြတယ်
Park Jimin ရေ သွားပြီ "လက်ပြနှုတ်ဆက်ရင်း ပြန်လှည့်လိုက်စဉ်
လာဝင်တိုက်သည့် လူတစ်ယောက်
တောင်းပန်စကားလည်းမဆို ဟန်မပျက်
နေရာမှ လှည့်ထွက်ဟန်ပြုနေသည့်ထိုသူ
အနည်းငယ်တော့စိတ်ရှုပ်သွားခဲ့သည်" ဒီမှာ "
တစ်ချက်မှလှည့်မကြည့်သလို ပြန်မဖြေခဲ့
" ဟ ဆံပင်အနီရောင်နဲ့တစ်ယောက် "
" ငါ့ကိုခေါ်နေတာလား "
လှည့်ကြည့်လာသည့် ခပ်ညိုညိုမျက်ဝန်းတစ်စုံ
ဆံပင်အနီရောင်ကိုမှ ခပ်ဖွာဖွာအကောက်ရယ်
နားဆွဲအရှည်ကိုလည်းဝတ်ထားသေးသည့်သူ" ဒီနားမှာ ဆံပင်အနီရောင်နဲ့
မင်းကလွဲပြီးရှိသေးလို့လား "