( Zawgyi )
ဒီရက်ပိုင်းလူလည်း ဒဏ်ရာတွေကသက်သာသထက်
ပိုသက်သာလာတယ် Wooseok နဲ့ ဟိုတက်တူးတွေနဲ့လူကလွဲရင်တော့ ဒီအကြောင်းကိုဘယ်သူမှမသိပေ
မေမေတို့ကိုလည်း ပေးမသိ သိသွားလျှင် စိတ်ပူကြ
မယ့်အဖြစ်မျိုး မဖြစ်စေချင်တာကြောင့်ဖြစ်သည်ပေါ်လာတော့လည်း ဘာမပြောညာမပြော
ပျောက်နေပြန်တော့လည်း အစအနတောင်
ရှာမတွေ့ ခင်ဗျားဟာလေ တကယ့်လူပဲ
အခုလည်း ရက်ပိုင်းလောက်ပျောက်နေပြန်ပြီ
ကျွန်တော့်အာရုံတစ်ပိုင်းတစ်စတွေထဲ
ဘာလို့များခင်ဗျားကိုနေရာပေးနေမိရတာလဲပြောတော့များ ကိုယ်စောင့်နတ်တောင်
ဖြစ်ချင်တာတဲ့ အပိုတွေသိပ်ပြောတာဖုန်းတကိုင်ကိုင်နဲ့စောင့်နေမိတာ
ဘာရယ်မဟုတ် အကြောင်းပြချက်
ရေရေရာရာလည်းမရှိ ခါတိုင်းလိုပင်
နာမည်မှတ်ထားခြင်းမရှိတဲ့ ဖုန်းနံပါတ်မှ
ကိုယ်ပါ ဆိုတဲ့ဖြေသံကိုကြားချင်နေသည်ထားလိုက်စမ်းပါ အဲ့လူက မင်းနဲ့ဘာဆိုင်လဲ
သဘောမကျဘဲနဲ့ဘာလို့များစိတ်ဝင်စားနေရတာလဲ
ဟူ၍ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြောနေ မေးနေ
သော်လည်း အဖြေရှာမတွေ့ စိတ်ဝင်စားနေမိသည်ခင်ဗျားနဲ့ကျွန်တော်က မတော်တဆတွေ့ဆုံမှုက
ဖြစ်လာတဲ့အကြောင်းမဲ့ပက်သက်မှုပဲဖြစ်ပါလိမ့်မယ်တွေးရင်းပြောလက်စများအား ဖျောက်ပစ်လိုက်ကာ
မရောက်တာကြာသည့် အခန်းစီဦးတည်လိုက်သည်ဒီအခန်း မရောက်ဖြစ်တာ နှစ်ချီနေပြီပေါ့
အမြတ်နိုးဆုံး အတွယ်တာဆုံး လို့ပြောရမလား
စန္ဒယားပညာရှင် အနေနဲ့ဖြတ်သန်းခဲ့တဲ့
တစ်လျှောက် ဒီအခန်းဟာတွယ်တာရာ မြတ်နိုးရတဲ့
စန္ဒယားဟာလည်း ကျွန်တော်ရဲ့တွယ်တာရာ
ဘာလို့များ စွန့်လွှတ်ခဲ့မိတာလဲ အပြီးပိုင်လား
ဟင့်အင်း တစ်ချိန်ပြန်ငြိတွယ်မိဦးမယ့်ဒီအရာကိုမှ
ဘာလို့များ အခုချိန်ထပ်မထိတွေ့ချင်အောင်ထိ
ကြောက်ရွံ့နေမိတာလဲ ကိုယ်တိုင်ဆုံးဖြတ်ချက်ချ
ခဲ့မိတဲ့အချိန်တွေ ရူးလိုက်တာ ပဲပြောနိုင်တော့သည်