Part_3

163 18 0
                                    

( Zawgyi )

ဆိုင်ကယ်ပြိုင်ပွဲရက်သို့ရောက်လာတော့သည်
မနက်စောစောစီးစီးပင် ထ၍ပြင်ဆင်ခဲ့ပြီး
သတ်မှတ်ထားတဲ့နေရာကိုသွားခဲ့လိုက်သည်

Wooseok - ဘယ်လိုလဲ ငါကတိတည်တယ်မလား

" မတည်ရင်လည်းငါကအိမ်ထိလာသတ်မှာလေ
ဘယ်လိုလဲ ဒီပွဲကလူတွေအခြေအနေတွေကို
မင်းသိလား သိသလောက်ပြောပြပေး "

Wooseok - ဒီလိုပွဲလာပြိုင်တယ်ဆိုတော့
အကုန်လုံးကလျှော့တွက်လို့မရဘူး အဓိကက
မင်းအန္တရာယ်ကင်းအောင်ပဲမောင်းနော်
တောင်ပေါ်လမ်းတွေ ကြမ်းတယ်

" အေးပါကွာ စိတ်ချ "

" မတွေ့ရတာကြာပြီနော် "

Wooseok နဲ့စကားပြောနေရင်းမှ
ရောက်လာခဲ့သည့် တက်တူးနဲ့လူ

စကားပြောပုံကများ မတွေ့ရတာကြာပြီတဲ့
သူ့ကိုရောဘယ်သူကများတွေ့ချင်နေလို့လဲ

" မင်း ဘာလဲ ဘာကိစ္စရောက်လာတာလဲ
ဘာတုန်း ငါ့နောက်ကလိုက်လာနေပြန်ပြီလား "

" ငါလည်းငါ့ကိစ္စနဲ့ငါလာတာပေါ့ကွ "

" မင်းဘာသာဘာကိစ္စနဲ့လာလာ
ငါနဲ့မဆိုင်ဘူး သွားလိုက်တော့ "

" အတင်းတွေပါပဲလားကွာ ပြိုင်ပွဲဝင်
အချင်းချင်းဒီလိုတော့မပြောသင့်ပါဘူး "

" ပြိုင်ပွဲဝင် "

" အေးလေ ငါလည်းဒီပြိုင်ပွဲထဲပါတယ်လေ
မင်းနဲ့ငါ့ရဲ့ ကံကထူးဆန်းတာပဲ ဒီလိုပွဲတွေမှာ
တောင်လာတွေ့တာပဲ ထူးဆန်းတယ်မလား "

" အရူးအပေါအတွေးတွေလျှောက်တွေးမနေနဲ့
တွေ့တာပဲထူးဆန်းလား ရူးပေါပေါနဲ့
လာ Wooseok သွားမယ် "

မင်းကိုအဲ့လိုအကျင့်လေးတွေကြောင့်
သိပ်စိတ်ဝင်စားမိတာပဲ မာနခဲလေးရေ

ပြိုင်ပွဲစခါနီးတွင် မနီးမဝေးအကွာအဝေးမှ
ဆံပင်အနီရောင်ဖြင့် ဆိုင်ကယ်ဦးထုပ်ကို
ဆောင်းနေသည့်သူ့အားတွေ့လိုက်ရသည်

မကြာမီပင် ပြိုင်ပွဲစသံပေးသည့်သေနတ်ဖောက်သံ
ကြောင့် ပြိုင်ပွဲဝင်ဆိုင်ကယ်အများအပြားလည်း
တာထွက်ခဲ့ကြသည် တောင်အောက်မှပင်
တောင်ထိပ်ရောက်သည်အထိ မောင်းကြရမည်
ဖြစ်ရာ တစ်နာရီခန့်ပင်ကြာရှိမည်လည်းဖြစ်သည်

PINOCCHIO  / kookv /Where stories live. Discover now