( Zawgyi )
တစ်ညလုံးသူ့ဘေးနားမှာသာစောင့်နေမိသည်
အိမ်လည်းမပြန်မိ မေမေ့ကိုလည်းသူငယ်ချင်းအိမ်
မှာအိမ်မည်ဟု ဖုန်းဆက်ထားသည်Jungkook ရဲ့ သူငယ်ချင်းကတော့ အလုပ်တွေ
ရှိနေသေးတာမို့ Jungkook ကိုဂရုစိုက်ပေးပါဦးလို့
အကူအညီတောင်းပြီး ပြန်သွားသည်တစ်ညလုံးသူ့ဘေးနားစောင့်နေရာက မှေးကနဲအိပ်ပျော်သွားခဲ့မိတာ အခုကျွန်တော်နိုးနေတဲ့ထိ ခင်ဗျားကတော့မနိုးသေး ကိုယ်တိုင်မျက်နှာသစ်ပြီး သူ့ကိုလည်းရေပတ်လေးတိုက်ပေးလိုက်သည်
ရေပတ်တိုက်နေရင်းကြည့်မိတော့ သူကချောသည်ထက်ပိုလွန်းတာတော့ကိုယ့်ကိုယ်ကိုယ်ဝန်ခံမိသည်မြန်မြန်နိုးလာသင့်တာမဟုတ်ဘူးလား ခင်ဗျားပဲ
ကျွန်တော့်ကိုစိတ်မပူစေချင်ဘူးလေ ကျွန်တော်ခင်ဗျားစီမှာမရှုံးချင်ဘူး Jungkook သို့ပေမယ့်
အရှုံးကိုရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ
ထင်တယ် ဒီအကြောင်းတွေကိုခင်ဗျားကြားဖို့
ထိုက်တန်တယ်မဟုတ်လား အဲ့ဒါကြောင့်မြန်မြန်
နိုးလာတော့ ကျွန်တော်ခင်ဗျားကိုချစ်တာဝန်ခံရဦးမယ် ခင်ဗျားကျွန်တော့်ကိုလည်းအနိုင်ယူရဦးမယ်အိမ်မှာမို့ချက်ပြုတ်ဖို့တစ်ခုခုရှိလောက်မှာပါ ဟူသည့်
အတွေးနဲ့ မီးဖိုထဲဝင်လာခဲ့သည် သူနိုးလာရင်ဗိုက်ဆာနေလောက်မှာ ကျွေးဖို့တစ်ခုခုတော့ရှိမှရမယ်လေ
မချက်တတ်ချက်တတ်နဲ့ချက်လိုက်တာ နောက်ဆုံး
ကြက်သားဆန်ပြုတ်တစ်အိုးတော့ရလာလိုက်သည်သူရှိရာအခန်းစီပြန်လာတော့ ကိုယ်တော်ချောက
နိုးနှင့်နေပြီ။ နိုးရုံတင်မက ကုတင်ကိုပါမှီရင်း
laptop တစ်လုံးနဲ့အလုပ်တွေပါရှုပ်နေသေးတာ
တံခါးအ၀မှကြည့်နေရင်းကဒေါသထွက်လာသည်
ညကမှအရေးပေါ်အခြေအနေရောက်ခဲ့ရတဲ့လူက
နိုးနိုးချင်း အလုပ်လုပ်နေသည် တစ်ခုခုထပ်ဖြစ်ရင်
ဘယ်လိုလုပ်မလဲ ပြောတော့ဖြင့် Tae ကိုစိတ်မပူ
စေချင်ဘူးဘာလေးနဲ့ တအားအပိုတွေသိပ်ပြောတာ" ဒီမှာ ခင်ဗျား "
ပြောလည်းပြော laptop ကိုပါဆွဲယူပိတ်လိုက်သည်