( Zawgyi )
သုံးရက်လောက် ဆေးရုံတက်ပြီးတော့
ဒီနေ့ဆေးရုံဆင်းရက်မို့ ပစ္စည်းတွေသိမ်းနေသည်သုံးရက်လုံး ဟိုတက်တူးတွေနဲ့လူ
တစ်ချက်မှလာတောင်မတွေ့
ပြောသွားတော့ဖြင့် ဖြစ်နိုင်ရင်
ကိုယ်စောင့်နတ်တောင်ဖြစ်ချင်တာတဲ့
အခုတော့ အရိပ်အယောင်တောင်မတွေ့ရ
တအားတွေ့ချင်တယ်လို့လည်းမဟုတ်ပါဘူး
သူနဲ့စကားပြော ရန်ဖြစ်ရတာအပျင်းပြေတယ်လေထိုအချိန် တံခါးဖွင့်သံကြောင့်
Wooseok အထင်ဖြင့်လှည့်မကြည့်" ငါပစ္စည်းတွေသိမ်းနေတုန်းရှိသေးတယ်
မင်းကအစောကြီးရောက်လာပြီ Wooseok "" Wooseok မဟုတ်ပါဘူး Jungkook ပါ "
" ဟင် မင်း ဘာလာလုပ်တာလဲ "
" ဒီနေ့ဆေးရုံဆင်းရက်မလား လာကြိုတာ "
" နေပါဦး မင်းကလူရောဟုတ်ရဲ့လား
ဒီကြားထဲတစ်ရက်မှတောင် မလာဘဲ
ငါဆင်းရုံဆင်းမှာ ဘယ်လိုလုပ်သိနေလဲ "" အထူးအဆန်းတော့မဟုတ်ပါဘူး
မင်းနဲ့ပက်သက်သမျှကိုယ်သိတာပေါ့
Tae ပြောသလိုကိုယ့်စောင့်နတ်လိုလူပဲလေ
ဒါနဲ့ ဒီကြားထဲလာမတွေ့ဘူးဆိုတော့
Tae က ကိုယ့်ကိုလွမ်းနေတာလား "" ဒီမှာ ဘယ်သူကမင်းကိုလွမ်းတယ်ပြောလဲ "
" သွယ်ဝိုက်ပြီးတွေးရမယ်ဆို အဲ့အဓိပ်ပါယျပါပဲ "
" မဟုတ်တာတွေ လျှောက်မတွေးနဲ့ "
" ပြန်မှာမလား လာ လိုက်ပို့ပေးမယ် "
" မလိုဘူး Wooseok လာကြိုလိမ့်မယ် "
" Tae ရဲ့သူငယ်ချင်းကလာမှသေချာလို့လား
မစောင့်နေစမ်းပါနဲ့ Tae ရာ ကိုယ်လိုက်ပို့မယ် "" သူလာမယ်ပြောထားတယ် ဘာတုန်း
မင်းကငါ့အိမ်ကိုသိချင်လို့လား အဲ့လောက်ထိ
တအားလိုက်ပို့ချင်နေရအောင် "" အိမ်သိချင်တယ်ဆိုမှတော့ ဒီလိုတောင်
လုပ်မနေဘူး အစတည်းကသိပြီလား
Tae ကိုအနှောင့်အယှက်မပေးချင်လို့
မလာတာပဲရှိတာ "" သွားကွာ ပြန်စမ်းပါ ကိုယ့်အလုပ်ကိုယ်လုပ်
ငါလည်းငါ့ဘာသာကြည့်လုပ်မယ် "