𝟑

67 9 0
                                    

-ᴜɴɪᴄᴏᴅᴇ-

နတ်သားလေးလို ချောမောလှတဲ့ မင်းက
ဖန်ရည်လောင်းထားတဲ့ ကြွေရုပ်တစ်ရုပ်နယ်
တူလွန်းလှတယ် ။

မင်းဆိုတဲ့ ဖြစ်တည်မှုကို ရှာဖွေဖို့
အချိန်တွေအများကြီးလည်း ကြာညောင်းခဲ့ရပါတယ် ။

ဒါပေမယ့် ငါဝမ်းမသာခဲ့ဘူးနော်
ငိုလည်း မငိုခဲ့ဘူး ထင်တယ် ။

ပေါင်းစပ်လို့မရတဲ့ ဘဝတွေမှာ
ဖြစ်တည်မှုတွေဟာ မတူညီရင်
ငါတို့ရဲ့ အချစ်ဆိုတဲ့ အနီရောင်ပန်းလေး
ဆက်ပြီး မရှင်သန်နိုင်ဘူးလေ ။

မင်းအပြစ်လို့လည်း ငါမဆိုပါဘူး
မိုးနတ်မင်းကြီးကိုက ရက်စက်လွန်းတာ ။

နတ်သားတစ်ပါးဟာ ငါ့လို လူသားတစ်ယောက်နဲ့
ထိုက်တန်တယ်လို့လည်း ငါမထင်ရဲခဲ့ပါဘူး ။

-ᴢᴀᴡɢʏɪ-


တူလွန်းလှတယ် ။





ထိုက်တန်တယ်လို့လည်း ငါမထင်ရဲပါဘူး ။



𝐌𝐲 𝐀𝐧𝐠𝐞𝐥 | 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 Where stories live. Discover now