𝟕

31 7 0
                                    

-ᴜɴɪᴄᴏᴅᴇ-

အပြာရောင် မိုးညတွေထဲ
သေတဖန် သက်တဆုံး ပေါင်းဖက်ရပါလို၏ ။

မိုးတွေကို ဖန်ဆင်းခိုင်းခဲ့တယ်...
မိုးရွာရင် မြက်ခင်းပြင်ကျယ်ထဲ
မင်းလက်ဆွဲပြီး လျှောက်ပြေးရတာကို သဘောကျလို့လေ...
ဒါမှမဟုတ် သစ်ပင်အိုထဲ အရိပ်ခိုပြီး
မင်းရင်ခွင်ထဲ ဝင်တိုးနေရတာကိုရောပေါ့...

မင်းလည်း ငါနဲ့ထပ်တူ ဖြစ်လိမ့်မယ်လို့
ငါထင်ပါတယ်...
ဘာလို့ဆို ငါ မိုး လို့ ပြောလိုက်တာနဲ့
ငါတို့ကျွန်းတစ်ကျွန်းထဲ ကွက်ပြီး ရွာစေပြီးသားပဲ မဟုတ်လား...
မင်းလည်း သဘောကျခဲ့တာပဲလေ...

အဖြူရောင် နှင်းတွေကြားထဲ
ထိုလူသားအမြဲ ရှိရပါလို၏ ။

ဆောင်းကိုတော့ အမုန်းဆုံးပဲ...
နှင်းတွေကို‌တော့ အားနာပါရဲ့...
မင်း အမြဲထားခဲ့တဲ့ ဆောင်းဥတုထဲ...
မင်းဆိုတဲ့ နွေးထွေးမှုမရှိတဲ့ နှင်းဖြူဖြူတွေထဲမှာ...
ငါဘယ်လိုရှင်သန်ရမလဲ သေချာမသိသေးဘူးလေ...

နေခြည်ဖြာလို့ ပန်းတွေဝေတဲ့အချိန်
ချစ်တဲ့ အကြောင်းတွေ ပြောခွင့်ရပါစေသတည်း ။

ငါတို့ တစ်ယောက်နဲ့ တစ်ယောက်
ခံစားချက်တွေ ဖွင့်ဟခဲ့ကြတဲ့နေ့
နေမင်းဟာလည်း ယှက်ဖြာကာ အားပေးတယ်...

အနီရောင် နှင်းဆီပန်းလေးကို
ငါတို့ရဲ့ အချစ်သ‌င်္ကေတအဖြစ်
လက်ချင်းထပ်လို့ စိုက်ပျိုးခဲ့ရင်း
မင်းဆိုတာ ငါ့ဘဝ ဖြစ်လာခဲ့တာ...

ငါမင်းကို ချစ်ကြောင်းတွေ နွေဦးလေပြေထဲ
အများကြီး ပြောပြခဲ့ပေမယ့်...
မင်းကတော့ အပြာရောင် ပန်းလေးကို ဖန်ဆင်းလို့
ငါ့ကို ပေးခဲ့တယ် ပန်းလေးက 'Smeraldo' တဲ့....

-ᴢᴀᴡɢʏɪ-

အျပာေရာင္ မိုးညေတြထဲ
ေသတဖန္ သက္တဆုံး ေပါင္းဖက္ရပါလို၏ ။

မိုးေတြကို ဖန္ဆင္းခိုင္းခဲ့တယ္
မိုး႐ြာရင္ ျမက္ခင္းျပင္က်ယ္ထဲ
မင္းလက္ဆြဲၿပီး ေလွ်ာက္ေျပးရတာကို သေဘာက်လို႔ေလ
ဒါမွမဟုတ္ သစ္ပင္အိုထဲ အရိပ္ခိုၿပီး
မင္းရင္ခြင္ထဲ ဝင္တိုးေနရတာကိုေရာေပါ့ ။

မင္းလည္း ငါနဲ႔ထပ္တူျဖစ္မယ္လို႔
ငါထင္ပါတယ္ ။
ဘာလို႔ဆို ငါ မိုး လို႔ ေျပာလိုက္တာနဲ႔
ငါတို႔ကြၽန္းတစ္ကြၽန္းထဲ ကြက္ၿပီး ႐ြာေစၿပီးသားပဲ မဟုတ္လား ။

အျဖဴေရာင္ ႏွင္းေတြၾကားထဲ
ထိုလူသားအၿမဲ ရွိရပါလို၏ ။

ေဆာင္းကိုေတာ့ အမုန္းဆုံးပဲ ။
ႏွင္းေတြကို‌ေတာ့ အားနာပါရဲ႕။
မင္း အၿမဲထားခဲ့တဲ့ ေဆာင္းဥတုထဲ
မင္းဆိုတဲ့ ေႏြးေထြးမႈမရွိတဲ့ ႏွင္းေတြထဲ
ႏွင္းေတြၾကားထဲ ရွင္သန္ရတာ ခက္ခဲလြန္းပါတယ္ ။

ေနျခည္ျဖာလို႔ ပန္းေတြေဝတဲ့အခ်ိန္
ခ်စ္တဲ့ အေၾကာင္းေတြ ေျပာခြင့္ရပါေစသတည္း ။

ငါတို႔ တစ္ေယာက္နဲ႔ တစ္ေယာက္
ခံစားခ်က္ေတြ ဖြင့္ဟခဲ့ၾကတဲ့ေန႔
ေနမင္းဟာလည္း ယွက္ျဖာကာ အားေပးတယ္ ။

အနီေရာင္ ႏွင္းဆီပန္းေလးကို
ငါတို႔ရဲ႕ အခ်စ္သ‌ေကၤတအျဖစ္
လက္ခ်င္းထပ္လို႔ စိုက္ပ်ိဳးခဲ့ရင္း
မင္းဆိုတာ ငါ့ဘဝ ျဖစ္လာခဲ့တာ ။

ငါမင္းကို ခ်စ္ေၾကာင္းေတြ ေႏြဦးေလေျပထဲ
အမ်ားႀကီး ေျပာျပခဲ့ေပမယ့္
မင္းကေတာ့ အျပာေရာင္ ပန္းေလးကို ဖန္ဆင္းလို႔
ငါ့ကို ေပးခဲ့တယ္ ပန္းေလးက 'Smeraldo' တဲ့

𝐌𝐲 𝐀𝐧𝐠𝐞𝐥 | 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 Where stories live. Discover now