-ᴜɴɪᴄᴏᴅᴇ-
ငါမင်းနောက် လိုက်ခဲ့တော့မှာပါ....
ငါသေချာအောင် ပြန်ဆန်းစစ်နေရလို့
နည်းနည်းလေးကြာသွားတာ...မင်းကို မယုံဘူးလားလို့တော့ မမေးချင်ပါနဲ့...
မင်းက ငါ့အိမ်မက်ထဲက ချစ်သူလား...
ငါတကယ်ကြုံတွေ့လိုက်ရတဲ့ ပုံပြင်လေးလား...
သေချာဖို့ အချိန်လေး လိုအပ်လို့ပါ...အဖြေ...?
ရှာမတွေ့ ရှာမတွေ့ခဲ့ပေမယ့်...
မင်းဆိုတာ မရှိတဲ့ ဘဝ သေချာနေမှတော့...
ငါ အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်လည်း
မရှိတော့ဘူးလေ ဂျောင်ကုရယ်...ငါ့ကို စောင့်နေပါ့မလား မသိပေမယ့်
လာခဲ့ပါ့မယ် ချစ်ရသူရယ်...𝐌𝐲 𝐀𝐧𝐠𝐞𝐥
"(Room 37) က လူနာ suicide သွားပြီ ဆရာ"
"အေ ဘယ်လို"
နားနေခန်းကို အမောတကြီး လာပြီး ပြောပြတဲ့
Nurse မလေး စကားအကြောင့် ဒေါက်တာဂင်မ်နမ်ဂျွန်း စွံအသွားရသည် ။Room 37 ကဆို ဂျီမင်း သူ့လူနာပဲ မဟုတ်လား ။
ချက်ချင်း ထိုင်ရမှ ထခါ ပြေးသွားတော့
ဒီနေ့မှ ဆေးရုံမှာ စလုပ်မယ့် အလုပ်သင်ဆရာဝန်လေး ဂျောင်ကုကပါ လိုက်လာခဲ့သည် ။"ဘယ်လိုဖြစ်သွားရတာလဲ"
ဆေးရုံခန်းထဲ ဝင်လိုက်ပြီးချင်း မြင်မကောင်းတဲ့ မြင်ကွင်းတစ်ခုကို နမ်ဂျွန်း အခုထိ မယုံနိုင်။
စိတ်ရောဂါသယ်မို့ ထူးဆန်းတဲ့ စကားတွေ ပြောပြတတ်ပေမယ့် suicide လုပ်လိမ့်မယ်လို့ တစ်ခါမှ မထင်ရတဲ့ ရောဂါရှင်မို့ သူတို့ ပေါ့ရော့ခဲ့မိတာ ။
တောင်းပန်ပါတယ် ဂျီမင်းရယ်
ဆရာဝန်တစ်ယောက်အနေနဲ့တောင်
လူနာတစ်ယောက်ကို မစောင့်ရှောက်နိုင်ခဲ့လို့ ။စောင်ကို ကြပ်ခိုးမှာကပ်ထားတဲ့ ပန်ကာမှာ ချီလို့
ဆွဲကြိုးချသေဆုံးမှုကြီးက အထမြောက်သွားခဲ့လေခြင်း ။ရှင်းလင်းနေတဲ့ အခန်းလေးမှာ
တစ်ခုတည်းသော ပစ္စည်းလေးက ထင်းခနဲ။သူပေးထားတဲ့ စာအုပ်နဲ့ ဘောပင် တစ်ချောင်းပါပဲ ။
ရေးစရာ စာအုပ်ဝယ်ပေးမှ ဆေးသောက်မယ်ဆိုလို့ သူကိုယ်တိုင်ဝယ်ပေးခဲ့ရတဲ့ စာအုပ်လေးတစ်အုပ်လေး ။