★Unicode★" ရှင်မတောင်ဆိုတာ တစ်ယောက်လိမ်းရင် တစ်အိမ်လုံးမွှေးတယ်တဲ့။ မင်းလိမ်းတော့ ငါပါ မွှေးချင်လာရော မင်းပါးကိုလေ.... "
( ၁ )
နှင်းမှုန်လေးများ ကွယ်ပျောက်လုလုဖြစ်နေ၍
နွေကာလလည်း မကြာခင်ရောက်ပေတော့မည်။ အပင်ပေါ် မှ စိမ်းလဲ့လဲ့သစ်ရွက်များသည် ဝါလွင်လွင်မှသည် တဖန် ညိုကျင်ကျင်ဆီသို့ ပြောင်းလဲစပြုနေပြီ။ယခင်ကဖုန်လုံးတလိမ့်လိမ့်နှင့် မောင်းနှင်ရသော လှည်းလမ်းကလေးသည် ယခု ကားလမ်းပေါက်ကာ ဟိုသွားသည်လာပြုလျှက်စိုစိုပြည်ပြည် ရှိလာခဲ့ပြီ။ သနပ်ခါးခြံရွာမှ လမ်းခွဲ ကားဂိတ်အထိ ယခင်ကလှည်းများဖြင့်သာ သွားလာနေကျ ။ သို့သော် ကားလမ်းပေါက်လာချိန်တွင်ကားကြီးကားငယ်များက မြေနီတစ်ဝက် ကတ္တရာတစ်ဝက်ဖြစ်နေသည့် ထိုမြေနီကတ္တရာလမ်းအတိုင်း ဝင်ထွက် သွားလာနေကြပြီး ဖြစ်၏။
သနပ်ခါးခြံရွာလမ်းလေး မည်မျှပြောင်းလဲတိုးတက်နေပါစေ မပြောင်းလဲသေးသည့် တစ်စုံတစ်ယောက်ကတော့ ဘိုးဘွားပိုင်နွားလှည်းကလေးကို စွဲစွဲမြဲမြဲ မောင်းနှင်နေတုန်းပင်။
" အမေ့! သောက်ပလုတ်တုတ် !!! "
" . ........"
" မတိုးတက်ကောင်!!! ရပ်! ရပ် မင်းလှည်းကို အခုချက်ချင်း ရပ် !! "
အသည်းအသန် ခဲမှန်သလို ချက်ချင်းလှည်းရပ်ခိုင်းနေသူကို တိုးတက်မောင်တစ်ယောက် လှည်းမောင်းနေရင်းနှင့် ဘုကြည့်ကြည့်လိုက်မိ၏။
" ဘာလဲ သနပ်ခါးခြံကုန်းရောက်ဖို့ အဝေးကြီး လိုသေးတယ်နော် "
" ဝေးဝေးမဝေးဝေး အခုချက်ချင်းလှည်းရပ်ပေး ! "
" ဟ ဘယ်ဖြစ်မလဲ အဘက ငါ့ကိုအသေအချာကြိုခိုင်းထားတာကို မင်းကိုလမ်းလျှောက်ခိုင်းလို့ မဖြစ်ဘူးလေ "
" မင်းဘာမင်း ဘာနေနေ ငါသည်းခံမခံနိုင်တော့ဘူး လမ်းလျှောက်ပြန်မယ် !! "
တကယ်လျှောက်မည့်ပုံပေါ်သည့် စိန်မျောက်မျောက်ကြောင့် တိုးတက်မောင်မှာ လက်နှစ်ဖက်လုံးမအားသည့်ကြားမှ တစ်ဖက်ကခပ်သွယ်သွယ်လက်မောင်းတစ်ဖက်ကို လှမ်းဆွဲထားရသည်။
YOU ARE READING
One Shots
RomanceMore Than Brothers....♥️ [ Fictional Characters ] ❗30.1.2023 မှ ..... ❗