♥️First Crush♥️

193 14 4
                                    


" ကိုဆက်မှူး ကော်ရစ်ဒါမှာ ဖြူသက်လျာငိုနေပြန်ပြီး"

Math Circle ပုစ္ဆာတစ်ပုဒ်ကို ရှင်းရန်လုပ်နေသည့်
ဆက်မှူးပိုင်သည် ထိုကျောင်းသား၏စကားကြောင့်ကိုင်ထားသည့်မြေဖြူကိုစားပွဲပေါ် ပြန်ချလိုက်သည်။ ထို့‌နောက်တပ်ထားသည့်မျက်မှန်ကိုပါချွတ်လိုက်ကာ မျက်ရိုးကိုက်နေသည့်နှယ်နားထင်နှစ်ဖက်ကိုဖွဖွလေးဖိသေး၏။

" ကဲ စောနက ဆရာရှင်းပြထားတဲ့ Exponential
Equation ပုဒ်ကိုတစ်ချက်တွက်ထားပေးနော် ပြန်လာမှ Circleကို ပြန်ရှင်းပေးမယ် "

" ဟုတ်ကဲ့ဆရာ × 8 !! "

စာသင်ဝိုင်းမှ ဆရာထွက်သွားသဖြင့် ကျောင်းသားတချို့အနားရသည့်ပမာ ပေးထားခဲ့သောစာကိုတောင်မတွက်နိုင်ကြတော့ဘဲတဝါးဝါးသမ်းလျှက်မှောက်အိပ်နေကြတော့၏။တချို့ဆို အနားရလိုက်သလို ဟိုဘက်ဒီဘက်လှည့်ကာစကားများနေကြ၏။ တချို့ကျတော့ ကျောင်းသားတစ်ယောက်၏ဝါသနာအရ စပ်စုရန်ခေါင်းစုနေကြ၏။အကြောင်းအရာကတော့ဖြစ်နေကျပုံစံအတိုင်းပမာ ရှင်းရှင်းလေးပါပဲ။

ထွက်သွားသော ‌ကိုဆက်၏နောက်ကျောပြင်ကို တစ်ချက်ကြည့်ကာ သက်ဖြိုးပိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။ကျောင်းသားများပြောလည်းပြောချင်စရာ။ ထိုမိန်းကလေးဂျီကျ ငိုသည့်အခါတိုင်း ကိုဆက်မှာလည်းဘယ်လိုကြောင့်မှန်းကိုမသိရဘဲ ပြေးပြေးချော့နေရသည်က အလုပ်တစ်ခု။ လူကြီးသားသမီးများဟာ သာမန်ကျောင်းသားတို့၏ ဘဝထက်အဆပေါင်းများစွာသာသည်ကို ပြလိုက်သလိုပင်မဟုတ်လား။ သို့သော်လည်း ကိုဆက်နေရာမှာသက်ဖြိုးသာဆိုလျှင်အဲ့လောက်ထိ အရေးပါနေလောက်မည်မထင်။

ခေါင်းတစ်ချက်ခါလျှက် ဘေးနားမှတွတ်ထိုးသံများကိုလစ်လျှူရှုကာ Exp equationကို စတင်ဖြေရှင်းလိုက်တော့၏။ ကိုဆက်သည် ဖြူသက်လျာအပါအဝင်သက်ဖြိုးတို့ဝိုင်း၏ ၈ယောက်ခန့်ရှိသောကျောင်းသားများကို စာစစ်ပေးရသည့်ဂိုက်
တစ်ယောက်။

အများပြောပုံအရ ဖြူသက်လျာကြောင့်ကိုဆက်တစ်ယောက် ဤပုန်းညက်ပွင့်အဆောင်သို့ ရောက်လာရသလိုလို တချို့ကျပြန်တော့လည်း ကျောင်းသားဟောင်းတစ်ယောက်မို့ ရောက်လာရသည်ဟုပြောကြသလိုရှိ၏။ တကယ်လည်း ကိုဆက်ကဤပုန်းညက်ရိပ်အဆောင်၏ ကျောင်းသားဟောင်းတစ်ယောက်သာဖြစ်သည်။ကိုဆက်ကို သက်ဖြိုးစတွေ့သည့်
အချိန်တုန်းက အဆောင်၏ထုံးစံအရကျောင်းသား
ဟောင်းများမှ ကျောင်းသားသစ်များကို ဆုံးမသြဝါဒ‌နှင့် အားပေးစကားပြောသည့်အချိန်ဖြစ်၏။

One ShotsWhere stories live. Discover now