သက်ဆုံးတိုင်...

65 8 0
                                    


ကမ်းခြေသောင်ပေါ်တွင်ဟိုဒီလှုပ်ရှားသွား လာနေသောလူတချို့နှင့်အတူပုံရိပ်ငယ်လေးတစ်ခုသည်လည်းရောထွေးစွာတည်ရှိ၍နေ ၏။ကမ်းစပ်မှ မာန်အပြည့်နှင့်တအိအိလှိမ့်တက်လာသောလှိုင်းလုံးကလေးသည်ကျောက်ဆောင်နှင့်ထိတွေ့သည့်အခါတွင်ဝုန်းခနဲမြည်သံတစ်ခုဖြစ်တည်စေသည်။ထို့နောက် မာန်ကျသွားသည့်အခါတွင်တော့ လှိုင်းကလေးမှာ အသော့ကလေးပြေးနှင်နေသော ရေ‌ပြင်ငယ်အဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။

မြင်နေကျမြင်ကွင်းပင်ဖြစ်သော်လည်း ပုံရိပ်ငယ်လေးတစ်ခုနှင့်ပေါင်းစပ်လိုက်သည့်အခါတွင် သူ့အမြင်တို့ကမတူညီတော့ပြီ။ သိပ်လှသောပန်းချီကားတစ်ချပ်ဟုပင် တင်စားရမလား။ သို့မဟုတ်ထိုလူသားပါဝင်သော မှတ်ဉာဏ်ထဲကပုံရိပ်စစ်တစ်ခုဟုပင်ပြောရမလား။ သေချာသည့် အမှန်တရားတစ်ခုကဖြင့် သူ့အတွက်မရိုးအီနိုင်သောအလှတရားတစ်ခုသာ ဖြစ်ချေ၏။

ထိုပုံရိပ်လေး သူ့မျက်စိနှင့်အနည်းငယ်လှမ်းသွားသည့်အခါတွင် မနေနိုင်စွာ တစ်လှမ်းချင်းတိုးကပ်မိသွားသည်။သူနှင့်အကွာအဝေးအနည်းတောင်ဝေးသွားစေသောဆန္ဒတို့အလျဥ်းမရှိ။ အနီးအနားတွင် အရိပ်တကြည့်ကြည့်နှင့်သာတည်ရှိနေစေချင်သည်။သာမန်ထက်အနည်းငယ်ပိုသောပိုင်ဆိုင်လိုခြင်းဆန္ဒတို့ပြင်းပြနေသည်မှာ သူ၏အတ္တငယ်လေးတစ်ခုသာဖြစ်လိမ့်မည်။

ဆိုရသော် ပိုင်ဆိုင်လိုသောအတ္တတို့နောက် တွင် ရယူခြင်းတို့ပါလာတတ်သည်ကဓမ္မတာပင်ဖြစ်‌ချေ၏။သူကိုယ်တိုင်သည်လည်း ထိုအတ္တတို့ဖြစ်တည်စေရာပုံရိပ်ငယ်လေးအတွက်ရယူခြင်းထက်ပိုသော မရ,ရသော ချုပ်နှောင်နည်းဖြင့်နှောင်တွယ်ကာအပိုင်သိမ်းထားခဲ့မိလေသည်။

ရုတ်တရက်သူ့မျက်နှာတွင် အပြုံးရိပ်သေးသေးလေးတစ်ခုဖြစ်တည်လာ၏။မျက်နှာမူရာသို့ကြည့်လိုက်လျှင်မြတ်နိုးရပါသောပုံရိပ်လေး၏ပျော်ရွှင်နေပုံကိုမြင်တွေ့ရလိမ့်မည်။ ထိုပုံရိပ်ငယ်၏ပျော်ရွှင်မှုသည် သူ့အတွက်‌ အေးချမ်းရာဘုံဗိဗ္မာန်လေးပင်ဖြစ်သည်။

ထိုပုံရိပ်လေး၏ခပ်လှမ်းလှမ်းမှနေ၍ ထိုပုံရိပ်လေးရှိရာဆီသို့တစ်လှမ်းချင်း လှမ်းနေမိသည့်ခြေလှမ်းတို့ကို မရပ်တန့်နိုင်ခဲ့။ မကြာမီထို ပုံရိပ်လေး၏ အနောက်နား၌ ရပ်တန့်သွားမိတော့သည်။

One ShotsWhere stories live. Discover now