|| Unicode ||
BMW ကားနက်တစ်စီးက ကျောက်စရစ်လမ်းမပေါ်ရှိ ချန်ဟွေ့မြို့တော်၏ မြို့စွန်မြို့ဖျားအထိ မောင်းနှင်လာခဲ့သည်။ယင်းသည် မကြာသေးမှီနှစ်များမှ ဖွံ့ဖြိုးခဲ့ပါတဲ့ မင်းမျိုးမင်းစိုးများ နေထိုင်ရာ အရပ်ဖြစ်သည်။ နှင်းဖြူရောင် ခြံစည်းရိုးသည်ကား ကျူးလစ်ပန်းပင် ဥယျာဉ်းဖြင့် ကာရံထားပြီး အလယ်၌ လုမိသားစု၏ အိမ်တော်အား ဝိုင်းပတ်ရံထားသည်။
အဆောက်အဦး၏ စတိုင်မှာ စွမ်းအင်သုံးစွဲခြင်းကို အလွန်အကျွံ လျော့ချထားပြီး အတွင်းဘက် ကောင်းမွန်တဲ့ အပူချိန်ကိုထိန်းသိမ်းရန် စွမ်းရည်မြင့် အပြင်ပန်း နံရံတစ်ခုဖြင့် တပ်ဆင်ထားသည်။
ရန်ရိသည်ကား Passenger ခုံမှာပဲ ခွေနေသည့်နှယ် စိုးရိမ်တကြီးဒူးကိုပိုက်လျက်ရှိနေပြီး အားနည်းနေတဲ့ ကိုယ်လေးကထောင့်တစ်နေရာကိုတိုးကပ်ထားလေသည်။ ထင်းရှူးတောတစ်တော သူ့မျက်စိရှေ့မှာ ပေါ်လာသည်နှင့် ထင်းရှူးပင်တွေကို ဖုံးသွားသည့် ဖုန်တစ်လွှာကိုသာ မြင်လိုက်ရပြီး ပါးလျလျ ပင့်ကူမျှင်တန်းတွေက ဥရောပစတိုင် ခြံစည်းရိုးအဖြူကိုအလှဆင်ထားလေသည်။
ကားဖြတ်လာခိုက် ရုတ်တရက်ဆိုသလို ပြုတ်ကျလာတဲ့ ထင်းရှူချောင်းတစ်ချောင်းက မျက်နှာချင်းဆိုင် လေကာမှန်ပေါ်ကိုကျလာခဲ့၏။
ဤ ကြည်လင်အေးချမ်းသောကမ္ဘာ၌ အဆင်မပြေခြင်းအားလုံးမှာ ရန်ရိရဲ့ မျက်လုံးလေးတွေထဲမှာ အဆမတန်ချဲ့ကားလာခဲ့လေသည်။ အသက်ကို အလောတကြီးရှူရင်း ဘယ်ဘက်လက်ကို ကိုင်ထားဆဲ ဖြစ်ရာ ခပ်ထုံထုံ နာကျင်မှုကို ခံစားရသည်။ ဂေဟာနဲ့ နီးကပ်လာလေလေ၊ သူ့ရင်ဘတ်ထဲမှာ တစ်ဆို့လာရတဲ့ ဖိနှိပ်ခံရသည့် ခံစားချက်က ပို ကြီးထွားလာလေလေပင်။
လုရှန့်ကျင်ကတော့ ရန်ရိ၏ ပုံမှန်မဟုတ်သော တုံ့ပြန်ချက်တွေကို သတိမထားမိသလို ရန်ရိကိုလဲ အာရုံစိုက်မနေပါချေ။
ရန်ရိက ဂရုတစိုက်လေး သူ့အိတ်ထဲမှ Timothyမြက်ခြောက်လက်တစ်ဆုပ်စာလောက်ကို ထုတ်ပြီး နည်းနည်းချင်းလေးစားနေလိုက်သည်။
YOU ARE READING
နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』
Romance" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ် ' လို့။ သူ့အိတ်ကပ်ထဲက နှ...