Chapter 14

6.7K 995 17
                                    


|| Unicode ||

လူတစ်ယောက်ရဲ့ အတွေးတွေ ဝရုန်းသုန်းကား ဖြစ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်နဲ့ စကားပြောတာ၊ ရယ်တာတွေကို အင်တင်တင်နဲ့လုပ်နေတာက တုန်လှုပ်စရာတော့ကောင်းသည်။ သူ့အကြောင်းပြောပြီး လမ်းလွှဲလိုက်တာက နှလုံးသားထဲက နာကျင်စရာအနည်းငယ်ကို ချေဖျက်နိုင်တာတော့ မဟုတ်ပါဘဲ ၊တစ်ဖက်လူက လုံလောက်အောင် အရေးမကြီးတာကြောင့်ဖြစ်သည်။

" ရှကျင့်ထျန် " ရန်ရိက စိတ်မပါစွာနဲ့ သူ့နာမည်ကို ထပ်ပြီး ရေရွတ်လိုက်သည်။ ကျိုအန်း ဟုံယဲ့ရဲ့ ဘောစ့်နာမည်ကလဲ ရှ' လို့ ခေါ်​၏။ မကြာသေးတဲ့ ရက်အတောအတွင်းက သူ လုရှန့်ကျင်အတွက် နံပါတ်ရှာပေးခဲ့ပေမယ့် ဒီတစ်ခုတော့ မဟုတ်နေ။ ဒါက ပုံတူပွားထားတာ သို့မဟုတ် ၊ ဒီသခင်လေးက တမင်တကာလုပ်နေတာမျိူး ဖြစ်ကောင်းဖြစ်နိုင်​၏။

သို့ပေမယ့် သူဟာ ဒီလို ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရှာနေကျမဟုတ်၊ အကြောင်းမူကား လုရှန့်ကျင်ကသူ ဒီလို အသိုင်းအဝိုင်းထဲက မင်းမျိုးမင်းစိုးအနွယ် Alpha တွေနဲ့ ပူးပေါင်းတာမျိူးတွေကို မကြိုက်သောကြောင့်ပင်။ကနဦးမှာတော့ လုရှန့်ကျင်က သူ့ကို တခြားမိသားစုတွေက ဂလင်းမုဆိုးတွေရဲ့ တားကဒ်ဖြစ်သွားမှာကို စိုးရိမ်တာကြောင့်ကွဲကြေလွယ်တဲ့ တရုတ်ကြွေရုပ်လေးလို ခြံအဝန်းထဲမှာပဲ နင့်နင့်နဲနဲ ကာကွယ်ပေးထားခဲ့ပေသည်။

ယုန်ကလေးက ဒါကို အလွန်သဘောကျသည်။ Omegaတစ်ယောက်ဟာ နှလုံးသားအောက်ခြေထိတိုင် သူတို့ ချစ်ရပါတဲ့Alphaထံမှ အလိုလိုက်ခံ​​၊ သက်ဆိုင် ခံချင်ကြသောကြောင့် နာခံစွာနဲ့ပဲ သူ့ကို အိမ်မှာ စောင့်နေပေးခဲ့သည်။ နေ့စဉ်နေ့တိုင်းဟင်းချက်နည်းမျိုးစုံကို လေ့လာ​၏။ သေနတ်ကိုင်လေ့ရှိတဲ့ လက်တစ်စုံက စတင် ကစားလာခဲ့ပြီး ခဲယမ်းငွေ့ ပူပူအနံ့တွေက နူးညံ့၊ မွှေးပျံတဲ့ ချိူချိုအီအီ အနံ့လေးတွေ နစ်ဝင်လာခဲ့သည်။

တစ်နေ့ထက်တစ်နေ့ လုရှန့်ကျင် အိမ်ပြန်လာတိုင်း သူ့တစ်ကိုယ်လုံးမှာ တခြား Omega တွေရဲ့ အနံ့တွေ စွန်းထင်းနေတတ်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now