Chapter 28

6K 827 6
                                    

|| Unicode ||

မနက်ခင်းစောစော၌ လူမရှိသော ဗီလာကြီးထဲဟာ တိတ်ဆိတ်နေပြီး မီးတစ်လုံးမှလဲ ဖွင့်မထားပေ။ ခပ်မှိုင်းမှိုင်း ဧည့်ခန်းကလဲ မှောင်နေကာ လက်ချောင်းတောင် မမြင်ရပါချေ။

အပြင်ဘက်မှ မိုးပြောက်တို့က မှန်တွေကို ရိုက်ခတ်လာပြီး ရုတ်တရက် လျှပ်စီးက ညဖက်ကောင်းကင်ယံကို ထိုးခွဲသွားကာပြင်သစ်ပြတင်းပေါက်မှတဆင့် ဧည့်ခန်းတစ်ခုလုံး လင်းလက်သွားတော့​၏ ။

ရန်ရိသည်ကား ဆိုဖာထောင့်လေးမှာ တိုးဝှေ့ပူးကပ်လျက် ဂွမ်းကပ်စောင်လေးကိုကိုင်ကာ ယုန်နားရွက်လေးတွေက သူ့ခေါင်းကိုကာထားရင်း နှာသီးဖျားလေးက တုန်ယင်နေသည်။

လျှပ်စစ် ပြတ်တောက်သွားပေမယ့် ရန်ရိ မပြင်ရဲခဲ့ပါ။

စောင်ကိုသာ တင်းတင်း ကိုင်ထားပြီး အရုဏ်တက်ချိန်ကို စောင့်မျှော်နေရသည်။ အရုဏ်တက်မှ ခလုတ်ကိုပြင်ရမည်။

ရုတ်တရက် တံခါးမှ လှုပ်ရှားသံတွေကိုကြားလိုက်ရပြီး လုရှန့်ကျင်က သူ့ထီးကို ပစ်ချလိုက်ကာ၊ စိတ်မရှည်စွာနဲ့ သူ့ရဲ့ စိုရွှဲနေတဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး စားပွဲပေါ်ပစ်တင်လိုက်သည်။

" ဘာလို့ မီးကမဖွင့်တာလဲ? "

အမှောင်ထဲမှာ ဘာမှကို မမြင်ရတာမို့ အလင်းရဖို့ ဖုန်းက Flashlight ကိုပင် ဖွင့်ထားရသည်။

ရန်ရိသည်ကား ဂွမ်းကပ်စောင်လေးကိုကိုင်ရင်း ခြေဗလာလေးဖြင့် ပြေးလာခဲ့သည်။ သူဟာ ကယ်တင်ရှင်ကို မြင်လိုက်ရသည်နှယ် ဝိုင်းစက်၍ ခပ်တိမ်တိမ် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လာခဲ့သည်။

သူက အသံတိုးလေးနဲ့ ပြော​၏။ " မိုးကြိုးမုန်တိုင်းက အရမ်းပြင်းထန်နေတော့ လျှပ်စစ်ပြတ်သွားတယ် "

" အိုး... မနက်ဖြန်ကျ ပြင်မယ့်သူ ရှာလိုက်လေ။ ထားလိုက်ပါ။ မနက်ဖြန် အလုပ်မသွားတော့ ငါပြင်ပေးမယ် "

လုရှန့်ကျင်က သူ့ရဲ့စိုနေတဲ့ ရှပ်ကို လဲရန် သန့်စင်ခန်းထဲဝင်သွားလျှင် ရန်ရိက လိုက်ပါလာပြီး ဂွမ်းကပ်စောင်လေးကို ကိုင်လျက် တံခါးအပြင်ဘက်၌ ခြေဗလာလေးဖြင့်ရပ်ရင်း သူ့ကို စောင့်ပေးသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Donde viven las historias. Descúbrelo ahora