Unicode
( ဒီအပိုင်းမှာ ကျင်ကောကို 渣锦 ( ဆန်ကုန်မြေလေး ကျင် ) လို့ရေးထားပါတယ်။ ဒါကြောင့် ဒီတစ်ပိုင်းရဲ့ ဇာတ်ဆောင်ကကျင်ကောတော့ ကျင်ကောပါ။ ဒါပေမယ့် အပိုင်း၄၄ ရှေ့က ကျင်ကော )
×××
လူဆိုးကောင်ကျင် တစ်ယောက် အနာဂတ်ကို ခရီးသွားလိုက်ရသည်။ ရုံးခန်းမှာထိုင်နေရင်း တစ်ခုခုမှားယွင်းနေသည်အားသတိမပြုမိ။
ရုတ်တရက် ဖုန်းတစ်ကောလ်ဝင်လာကာ ခေါ်ဆိုသူအိုင်ဒီမှာ " ထုပေါင်လောင်ဖောကို မွှေးမွှေးပေး "
လူဆိုးကောင်ကျင်မှာ မြေအောက်ရထားပေါ်မှာ ဖုန်းကြည့်နေသည့်အဖိုးကြီး၏ အမူအရာမျိူးဖြစ်သွားသည်။
ကောက်ကိုင်လိုက်သော် ရန်ရိကပြောသည် : " ဒီနေ့ ငါ အလုပ်အချိန်ပိုဆင်းရမှာ။ ကလေးကို မင်းသွားကြိုလိုက် "
လူဆိုးကောင်ကျင် : " မင်းမှာ ကလေးရှိတယ်လား? ဘယ်သူ့ကလေးလဲ ? "
ရန်ရိမှာ တုံ့ခနဲ့ရပ်သွားပြီး လေသံက ဒေါသထွက်သွားတာ ရှင်းလင်းလှ၏ : " ဘာ ? ပြန်ပြောလိုက်စမ်းပါ ? "
လူဆိုးကောင်ကျင် : "... လိပ်စာပေး "
လူဆိုးကောင်ကျင်ဟာ သူနှင့်အလွန်တူလှသော ယုန်ဘောလုံးလေးကို မူကြိုမှ အိမ်ခေါ်လာခဲ့သည်။ ရန်ရိက ဝတ်စုံပြည့်နှင့်ရှိနေဆဲဖြစ်ပြီး ဆိုဖာမှာထိုင်ကာ သွေးအေးသည့်အကြည့်တစ်ချက်ပေးလာသည် : " ပြန်လာပြီလား ? "
လူဆိုးကောင်ကျင်ဟာ ယုန်လုံးလေးကို ရန်ရိလက်မောင်းထဲ ပစ်ထည့်ပေးလိုက်ပြီး : " ကိုယ့်ကိုပြော ၊ဒီကလေးက ဘယ်ကရောက်လာတာလဲ ? "
ရန်ရိမျက်လုံးတွေ ပြူးကျယ်သွားကာ ယုန်နားရွက်လေးတွေကလဲ နားစွင့်လာ၏။
ထို့နောက် ရုတ်ခြည်းပင် S4 pheromone တွေ ထုတ်လွှတ်လိုက်ကာ လူဆိုးကျင်၏ M2 pheromoneတွေကို ဖိနှိပ်ခြေမှုန်းလာသည် ။ ရန်ရိက လူဆိုးကျင်၏ လည်ပင်းကို ဆွဲယူ၍ ဆိုဖာပေါ်မှာ ဖိထားပြီး အံကြိတ်လျက် နားထဲသို့ တိုးတိုးဆိုလိုက်သည် :
" အလွန်အကြူးတွေ သောက်ပြီး မင်းကိုယ်မင်းဘယ်သူလဲဆိုတာတောင် မသိတော့တာလား ?
__
Zawgyi
×××
လူဆိုးကောင်ကျင်မှာ မြေအောက်ရထားပေါ်မှာ ဖုန်းကြည့်နေသည့်အဖိုးကြီး၏ အမူအရာမျိုးဖြစ်သွားသည်။
YOU ARE READING
နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』
Romance" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ်၊ ငါ သူ့ကို ချစ်တယ် ' လို့။ သူ့အိတ်ကပ်ထဲက နှ...