Chapter 92 【 Extra 4 : Will Blame Me For Being Very Me Or Moved 】

8.1K 887 21
                                    

|| Unicode ||

လုရန်က လသာဆောင်တံခါးဘောင်ပေါ်က အရပ်တိုင်းပေတံကို ကျောမှီ၍ ပိုပြီး ရှည်သယောင်ဖြစ်စေရန် ကျောကို ဆန့်ဖို့ကြိုးစားထားသည်။ သူက မျက်လုံးတွေပင့်၍ ရန်ရိအား မျှော်လင့်တကြီးကြည့်လာ​၏။

ရန်ရိက သူ့ရှေ့မှာ ထိုင်ချလိုက်၍ အရပ်တိုင်းပေတံပေါ်မှာ သဲလွန်စတစ်ခုဆွဲလိုက်သည်။ " ဒီလတော့ နောက်ထပ် ၁စင်တီတိုးလာပါပြီ "

လုရန်ဟာ ယုန်နားရွက်လေးတွေကို ဆွဲ၍ စိတ်ပျက်လက်ပျက်နှင့် မြေပေါ်ထိုင်ချလိုက်သည်။သူဟာ အလွန့်အလွန်လေးနက်စွာဖြင့် " သားက အသက်သုံးနှစ်ရှိပြီ... ဒီလောက်ပဲ ရှည်ရင် သားအဖေနဲ့ တူနိုင်မှာမဟုတ်တော့ဘူး "

ရန်ရိက ရယ်ချင်စိတ်ဖြင့် သူ့နားရွက်လေးတွေကို ပွတ်ပေးလိုက်သည်။ " မင်းအဖေက Alphaကို..ဖေဖေ့လောက်ဆို မဆိုးပါဘူး "

" မကောင်းဘူး။ သားက လိုချင်တာ " လုရန်က ထရပ်၍ အမြှီးလေးကို ခါလျက် လက်မောင်းတွေကို ရန်ရိဆီ ဖွဖွလေးဆန့်ကာ " ဖေဖေ့ကို ပတ်ပြီးဖက်ထားမယ် "

ပျားရည်နံ့ ယုန်ဘောလုံးလေးက ခန္ဓာကိုယ်ဆီတိုးကပ်သွားလေတိုင်း နူးညံ့လှ​၏။ ရန်ရိ ပြုံးရင်း သူ့ဆံပင်အစွန်းလေးတွေကို ပွတ်ပေးလိုက်သည်။ သူ့ဆံပင်တွေက ရှည်နေပြီဖြစ်၍ ညှပ်ဖို့ အချိန်ကျနေပြီပင်။ ဒါက မူကြိုသွားရတော့မယ့်အချိန်လဲရောက်ပြီဖြစ်၍ အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီးသားဖြစ်​၏​ ။

လုရန်ရဲ့ ကုပ်ကျနေတဲ့ နားလေးတွေက ရုတ်တရက် ထောင်လာကြသည်။ တံခါးအပြင်မှ သော့သံကြားလိုက်လျှင် သူဟာအမြန်ပြေးပြီး တံခါးဖွင့်ရန် ခြေဖျားထောက်ခုန်နေတော့​၏။

" ဖေဖေ! "

လုရှန့်ကျင်က အချိန်လွန်မှ အိမ်ပြန်လာခဲ့လေ​၏။သူ တံခါးကနေ ဝင်ဝင်လိုက်ချင်းပင် ပေါင်ပေါင်က သူ့လက်မောင်းတွေထဲကို ခုန်ဝင်လာခဲ့လေသည်။ သူက လက်နှစ်ဖက်လုံးဖြင့်ဖမ်းလိုက်၍ အနမ်းတစ်ပွင့်အတွက် သူ့အရှေ့မှာ ချီထားလိုက်ပြီးမေးစေ့ကြမ်းကြမ်းဖြင့် လုရန်ရဲ့ မျက်နှာကို ပွတ်လိုက်သော် ရှောင်ထုပေါင်လေးအား အော်ဟစ်လာစေခဲ့လေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now