6

5.6K 210 2
                                    

Always ( Part - 6 )

💌💌💌💌💌💌💌

"လွှတ်စမ်း အရူးကောင်ရဲ့ နင့်ကိုယ်နင် နိုင်ငံကျော်အဆိုတော်ဆိုပြီးထင်ရာမစိုင်းနဲ့ နင့်ကိုMediaတွေရှေ့မှာ ဖွင့်ချပစ်မယ် လူရမ်းကား"

မယ် စူးစူးဝါးဝါးအော်ဟစ်နေ၍ ခါးကနေဆွဲပွေ့လာသည်မို့ သူ့လက်ထဲမှာ အရုပ်ကလေးတစ်ရုပ်လို။
အခန်းထဲရောက်မှ တံခါးကို lockချပစ်လိုက်ပြီး မယ့်ကိုလွှတ်ပေးလိုက်တော့ အခန်းတံခါးဆီ ချက်ချင်းလှည့်ပြေး၏။

"ငြိမ်ငြိမ်နေစမ်းပါ မယ်ရာ"

"နင် လူမှားနေပြီ"

မယ့်ပခုံးလေးတွေကနေ အတင်းဆွဲဆုပ်ထားလိုက်ပြီး မျက်နှာလေးကိုစေ့စေ့ကြည့်တော့ ချွေးတွေပြန်နေသည့်မျက်နှာလေးက ရင်ခုန်ချင်စရာ။
ဒေါသဖြစ်နေသလို နီရဲစူပုတ်နေသည့်ထိုမျက်နှာလေးကို ချစ်စနိုးစိုက်ကြည့်ရင်း မယ့် နှာတံဖျားလေးကို ငုံ့နမ်းပစ်လိုက်သည်။

"ဘာလုပ်တာလဲ"

မယ် ဖျတ်ဖျတ်လူးသွားပြီး သူ့ရင်ဘတ်ကို အတင်းတွန်းဖယ်ပစ်သည့်အခါ သူ မယ့်ပခုံးတွေကို ပိုပြီးတင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

"နမ်းတာလေ"

"နင်လူမှားနေပြီ လို့ပြောနေတယ် မကြားဘူးလား"

"တိတ်စမ်း ရှင်ငြိမ်းမယ်"

မယ့်မျက်လုံးလေးတွေ စူးခနဲလက်သွားပေမယ့် ခေါင်းခါပစ်ကာ ပခုံးပေါ်ကလက်တွေကို ဖယ်ချပစ်ဖို့ကြိုးစားသည်။
မယ် ဘာဖြစ်နေတာလဲ..

"အဲ့ဒါလည်း ငါ့နာမည်မဟုတ်ဘူး ဘာတွေလာကြောင်နေတာလဲ"

"ကြောင်စရာလား ငါမမှားဘူး မယ် မင်းကိုငါဘယ်လိုလုပ်မှားမှာလဲ"

မယ် သူ့ဆီကရုန်းထွက်ဖို့ကြိုးစားသည်နှင့် သူမကိုယ်လေးကို နံရံမှာဖိကပ်ပစ်လိုက်ပြီး တအားသိမ်းဖက်ထားလိုက်သည်။
ဟိုးအရင်နှစ်တွေကလို အမွှေးရနံ့တစ်မျိုးလေး မယ့်ဆီက ရလိုက်၍ သူ့လက်တွေပိုတင်းလာခဲ့သည်။
မယ်ပါ…
သူမဟာ တကယ်ရှင်ငြိမ်းမယ်ပါ…

"မယ် ငါဘယ်လောက်ထိရှာခဲ့ရလဲ"

"ဖယ် အမေ့!!"

AlwaysWhere stories live. Discover now