Always ( Part - 31 ) ဇာတ်သိမ်းပိုင်း
💌💌💌💌💌💌💌
ဒီနေ့ဟာ သူ့စိတ်ကူးထဲကအတိုင်း ရှင်ငြိမ်းမယ်ဆိုသည့်မိန်းကလေးကို အပိုင်ရသည့်နေ့လေးမို့ ကြိတ်ရင်ခုန်နေမိသည်။
Garden partyကြိုက်သည့်မယ်က ပြင်ဦးလွင် Decemberခြံကိုပူဆာတာမို့ ထိုခြံမှာပဲ Weddingလုပ်ပေးဖြစ်သည်။
ပြင်ဦးလွင်မနက်ခင်းသည် အေးမြလတ်ဆတ်သောလေပြေလေးတွေနှင့်မို့ ဒီိမနက်ခင်းလေးဟာ သူ့အတွက်ပိုပြီးသာယာနေခဲ့သည်။နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ Weddingမို့ တက်ရောက်သူတွေလည်းများသလို Mediaအများစုက သတင်းထောက်တွေကလည်း အများသား။
အထူးသဖြင့် သူ့ရဲ့နယ်ပယ်၊ CEOရဲ့နယ်ပယ်၊ အစ်ကိုကြီးရဲ့နယ်ပယ်ဟာ ကြီးမားလွန်းတာမို့ လူတွေကလည်း အများကြီးဖြစ်သည်။"သိပ်တော့ပြင်ဆင်ချိန်မရလိုက်ဘူး ရင့် ဒါပေမယ့်CEOက မင်းအတွက် အတော်လေးပြင်ဆင်ပေးထားရှာပါတယ်"
"အဲ့ဒီလူက စီးပွားရေးသိပ်အကွက်မြင်တာဗျ"
CEOနှင့် စာချုပ်အကြောင်းကို ရယ်ရယ်မောမောပြန်ပြောမိတော့ ဂျာကြီးက ကြိတ်ရယ်လေ၏။
"မောင်ရင်"
ဒီအသံ...
သူ့စိတ်ထဲပျော်သွားသလို ချက်ချင်းလှည့်ကြည့်လိုက်တော့ သပ်ရပ်သားနားစွာ ဝတ်ဆင်ထားသည့် စုံတွဲတစ်တွဲ။
မယ့်ရဲ့အဖေနဲ့အမေ.."ရှင်ငြိမ်း ဘယ်မှာလဲ"
သမီးဖြစ်သူကို ခွင့်လွှတ်သည့်အပြုအမူဖြစ်ပေမယ့် နူးညံ့သောစကားကိုမဆိုသေးဘဲ မေးလာသည့်လေသံကလည်း အတင်းစား။
လူကြီးမို့ ဟန်လုပ်နေရသည်ဟု သူ နားလည်ပေးလိုက်ကာ မယ်အလှပြင်နေသော သစ်လုံးအိမ်ကလေးဆီခေါ်လာခဲ့သည်။"အို!! အဲ့ဒါ"
အလှပြင်လက်စပုံစံလေးဖြင့် မယ်က မိဘနှစ်ပါးလုံးကို မှန်ထဲကနေမြင်လိုက်၍ ဆတ်ခနဲလှည့်လာသည်။
ထိုအခါမှ မျက်နှာတင်းထားသောဦးလေးကြီးသည် ချက်ချင်းလိုလိုပြုံးသွားပြီး မျက်ရည်တွေဝဲတက်လာတော့၏။"ဖေဖေရော မေမေရော လာတယ်"
မယ်သည် ထိုင်နေရာမှထပြေးလာပြီး မိဘနှစ်ဦးဆီပြေးဖက်ကာ ကလေးလေးလိုငိုချတော့ ဘေးကလူတွေသည်လည်း ရယ်ရမလို၊ ငိုရမလို။
မိသားစုတစ်ခုပြန်ဆုံခြင်းဟာ မျက်ရည်တွေနှင့်ဖြစ်ပေမယ့် ထိုမျက်ရည်တွေဟာ ပျော်လို့ကျရတဲ့မျက်ရည်တွေ…
ESTÁS LEYENDO
Always
Romanceတစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်းလက်ကို ဒီလိုကိုင်ပြီး မင်္ဂလာခန်းမထဲကိုငါဝင်မှာ... မင်းကိုအားကျတဲ့အကြည့်တွေနဲ့ ကင်မရာမီးတွေ တဖျတ်ဖျတ်လက်နေတဲ့အချိန် ငါမင်းကို လက်ထပ်လက်စွပ်ဝတ်ပေးမယ်... မင်းနှုတ်ခမ်းကိုနမ်းမယ်... ပြီးရင်အကြင်လင်မယားအဖြစ်နဲ့ ငါ့တစ်...