Always ( Part - 10 )
💌💌💌💌💌💌💌
သတင်းစာခေါင်းစည်းပိုင်းမှာ ပြူးပြူးပြဲပြဲကြီးပါလာသည့်အပြင် သတင်းဌာနတွေရဲ့ Pageတွေကအစ ပလူပျံနေသည်က...
"လူငယ်အဆိုတော်ကျူးရင့်ရဲ့ လက်တွဲဖော်လား"
"ကျူးရင့်နဲ့အတူ ပွဲတက်လာတဲ့မိန်းကလေးဟာ..."ခေါင်းစဥ်တွေဖတ်ရင်း သူရယ်လည်းရယ်မိသလို စူပုတ်မဲ့ရွဲ့ကာ အမျိုးစုံကျိန်ဆဲနေမည့် မယ့်မျက်နှာကိုလည်း မြင်ယောင်နေမိသည်။
ဒီလောက်ဆို ရှင်ငြိမ်းမယ်ဟာ သူ့ရဲ့မိန်းကလေးအဖြစ် အားလုံးသိကြပြီမို့ မယ် ဘယ်လိုငြင်းဦးမလဲသိချင်သေး၏။"မင်းကတော့ပျော်နေရောပေါ့ ဟုတ်လား ရင့်.. ဒီမယ် CEOက မင်းကိုခေါ်နေတယ်"
"ဘာတဲ့လဲ"
"ရှင်ငြိမ်းမယ်ကို Dinnerခေါ်သွားတဲ့ကိစ္စဟေ့ မင်းထင်ရာလုပ်ပြီး ဘာအခုမှ မသိချင်ယောင်ဆောင်နေတာလဲ ဂန်းမသား"
ဂျာကြီးဆဲမယ်ဆိုလည်း ဆဲချင်စရာပဲမို့ သူ အသာအယာခေါင်းခါပြပြီး ရယ်နေရင်း CEOရုံးခန်းကိုလျှောက်လာခဲ့သည်။
CEOက သူ့ထက် အသက်၁၀နှစ်လောက်သာကြီးသောလူတစ်ယောက်ပဲမို့ ဒီကိစ္စအတွက်တော့ ပြဿနာသိပ်မရှိ။
စာချုပ်မှာကတည်းက ချစ်သူရည်းစား မထားရဆိုသည့် စည်းကမ်းချက်ကို ကိုယ်တိုင်ဖြုတ်ပေးခဲ့ပြီး လက်ထပ်ခြင်းမပြုရဟုသာ ချုပ်ဆိုပေးခဲ့သူ။"မင်းဘယ်လိုလုပ်လိုက်တာလဲ ကျူးရင့် အနည်းဆုံးတော့ အေဂျင်စီကိုအသိပေးရမယ်မလား"
နည်းနည်းတင်းနေသောလေသံဖြင့် CEOရဲ့ဒေါသအကြည့်ကြောင့် သူ ပခုံးတွန့်ပြကာ ဝင်ထိုင်လိုက်သည်။
"ကျွန်တော် အေဂျင်စီကို အသိပေးတော့ရော ဘာထူးမှာလဲ CEO ဒါကကျွန်တော့်ရဲ့personalလေ အေဂျင်စီကိုထိခိုက်စေလို့လား"
"အနည်းနဲ့အများတော့ထိခိုက်စေတယ် ဒါပေမယ့်အခုချိန်ထိတော့ Bad feedbackမရှိသေးဘူး တစ်ခုခုဖြစ်လာခဲ့ရင် အေဂျင်စီကို ဖြေရှင်းချက်ပေးဖို့မျှော်လင့်တယ်"
"ဟုတ်ကဲ့ စိတ်ချပါ"
ထိုအချိန်မှာ အကြံတစ်ခုရသွားဟန်ဖြင့် CEOရဲ့မျက်နှာက ဝင်းခနဲတစ်ချက်ဖြစ်သွားပြီး ခုံကိုမှီထိုင်နေရာမှ မတ်မတ်ပြင်ထိုင်သည်။
ပြီးမှ သူ့ကိုစူးစိုက်ကြည့်ကာ...
YOU ARE READING
Always
Romanceတစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်းလက်ကို ဒီလိုကိုင်ပြီး မင်္ဂလာခန်းမထဲကိုငါဝင်မှာ... မင်းကိုအားကျတဲ့အကြည့်တွေနဲ့ ကင်မရာမီးတွေ တဖျတ်ဖျတ်လက်နေတဲ့အချိန် ငါမင်းကို လက်ထပ်လက်စွပ်ဝတ်ပေးမယ်... မင်းနှုတ်ခမ်းကိုနမ်းမယ်... ပြီးရင်အကြင်လင်မယားအဖြစ်နဲ့ ငါ့တစ်...