Always ( Part - 20 )
💌💌💌💌💌💌💌
Celeဖြစ်ရသည့်ဒုက္ခကလည်း မသေးဘဲ အပြင်ထွက်တိုင်း၊ ခရီးထွက်တိုင်း ဘယ်သူမှမသိအောင်လုပ်ရသည်။
Clubတက်၊ Barသွားဖို့တောင် အာရုံစိုက်ခံရသည်မို့ သူက တော်ရုံလောက်နဲ့အပြင်မထွက်ချင်။
ဖိတ်ကြားသောပွဲတွေတက်မှသာ အပြင်ရောက်ဖြစ်ပြီး Studioနဲ့ ကွန်ဒိုကိုသာ အပြန်ပြန်အလှန်လှန်ကူးသန်းနေခဲ့တာများ၏။ပြည်ပကိုထွက်လာရတော့မှ စိတ်အေးလက်အေးဖြစ်သွားသလို Maskလည်းချွတ်ခွင့်ရတော့၏။
ဂျာကြီးလည်းပါသလို makeup artistတစ်ယောက်လည်းပါပြီး Videoရိုက်ဖို့အတွက်ကလည်း လူ၃ယောက်သာပါသည်။
ဒါတွေဟာCEOရဲ့စီစဥ်ပေးမှုကြောင့်ဖြစ်ပြီး မရမကခေါ်လာသည့် မယ်သည်လည်း ဘယ်သွားလို့သွားနေမှန်းမသိဘဲ အူကြောင်ကြောင်ဖြင့်ပါလာသည်။"ပြည်ပခရီးမရောက်ဖူးဘူးမလား"
အားလုံးFirst classမှာနေရာရပေမယ့် မယ်ကတော့ သူနဲ့ နှစ်ယောက်တည်းထိုင်ရသည်မို့ နှုတ်ခမ်းလေး တစူစူဖြစ်နေသည်။
သူမေးလိုက်တော့မှ မယ်က ပြတင်းဘက်ကနေ အကြည့်လွှဲပြီး ခေါင်းညိတ်ပြသည်။"ဟိုရောက်ရင် မင်း ပျော်သွားမှာ"
"ဘယ်လဲ"
"Surpriseလေ မင်းပျော်မှာပါ ငါအသေအချာစီစဥ်ထားတာ"
မယ်သည် သူမြင်ဖူးစအချိန်တွေကလို ဂျင်းပင်န်အပြာနုနုလေးကို တီရှပ်အနက်လေးနှင့်တွဲဝတ်ကာ sneakerအဖြူလေးစီးထားသည်ကြောင့် မယ့်ပုံစံလေးက ရိုးရှင်းသည်။
ထို့အတူ နူးညံ့အေးချမ်းစွာလှနေ၏။"နင် ဘာလို့ငါ့ကိုပဲတအားကပ်နေတာလဲ ဟိုတစ်ခါသွားခဲ့တဲ့ပွဲက ကောင်မလေးဆို နင့်ကိုကြွေနေတာ အသိသာကြီး"
"အဲ့ဒါဘာလုပ်ရမှာလဲ ငါမှမကြွေဘဲ"
"သူဆိုရင်ချောလည်းချောတယ် လှလည်းလှတယ် ချစ်စရာလေး ပြီးတော့Hiss bossမလား"
"ငါလည်းချမ်းသာနေပြီပဲ Hiss Bossဖြစ်နေတိုင်း ပြုတ်သုတ်စားလိုက်ရမှာလား အဟွန်း.. ဝေးသေးတယ် ငါစားချင်တာက မင်းကို"
"ဖောက်လာပြန်ပြီ"
မျက်စောင်းလေးတစ်ချက်ရောက်လာတော့ သူ့ရင်ထဲ ကြည်နူးသွားမိသလို မယ့်လက်ကလေးကိုလည်း တယုတယဆွဲယူလိုက်သည်။
ဒီလက်ဖဝါးလေးကို သူ တစ်သက်လုံးဆုပ်ကိုင်ထားချင်တာပါ။
သူ့ဘဝရဲ့နောက်ဆုံးထွက်သက်အထိ မယ့်လက်ကလေးကိုပဲ ဆုပ်ကိုင်ထားချင်တာပါ...
YOU ARE READING
Always
Romanceတစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်းလက်ကို ဒီလိုကိုင်ပြီး မင်္ဂလာခန်းမထဲကိုငါဝင်မှာ... မင်းကိုအားကျတဲ့အကြည့်တွေနဲ့ ကင်မရာမီးတွေ တဖျတ်ဖျတ်လက်နေတဲ့အချိန် ငါမင်းကို လက်ထပ်လက်စွပ်ဝတ်ပေးမယ်... မင်းနှုတ်ခမ်းကိုနမ်းမယ်... ပြီးရင်အကြင်လင်မယားအဖြစ်နဲ့ ငါ့တစ်...