[1]

6K 488 2
                                    


နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့မွေးနေ့ပါတီ။

သာမာန်ကလေးငယ်တစ်ယောက်ရဲ့မွေးနေ့ပွဲဟာ ကိတ်ခွဲပြီးဖယောင်းတိုင်မီးမှုတ်ဆုတောင်းရုံနဲ့ ပြီးသွားတဲ့အထိရိုးရှင်းတယ်။ ဒါပေမယ့် ဒါက C မြို့ရဲ့ ထိတ်တန်းစာရင်းဝင်စီးပွားရေးလုပ်ငန်းရှင်ရဲ့မွေးနေ့ပွဲဖြစ်တယ်။

သေချာပေါက်ကို စီးပွားရေးသမားတွေ၊ သတင်းမီဒီယာတွေနဲ့ ကျိတ်ကျိတ်တိုးလို့ပေါ့။ လွန်ခဲ့တဲ့ငါးနှစ်က ကင်မရာကိုင်ရင်းလက်တုန်ခဲ့တဲ့လူသစ်လေးဟာ အခုများတော့ ဝတ်စုံပြည့်နဲ့သန့်ပြန့်လို့နေတယ်။

သူဟာ ကင်မရာကိုင်ပြီး ပုံရိပ်တွေမှတ်တမ်းတင်စရာမလိုတော့သလို၊ မိုက်ကရိုဖုန်းကိုင်ပြီး မေးခွန်းမေးစရာမလိုတော့ဘူး။ ရှင်းဟွားရဲ့အရေးပါတဲ့ သတင်းရှာဖွေသူနေရာကို ရောက်နေပြီကိုး။

စီးပွားရေးလုပ်ငန်းရှင်များစွာနဲ့ မွေးနေ့ပါတီအတွင်းရှိတဲ့လူတွေဟာ အထက်တန်းဆန်တဲ့ဝတ်စားဆင်ယင်မှုတွေနဲ့။ နာမည်ကြီးဘရန်းလက်ကိုင်အိတ်၊ ကန့်သန့်ထုတ်ထားတဲ့ ဖိနပ်၊ နောက်ဆုံးပေါ်ရေမွှေးနဲ့ အရာအားလုံးဟာတောက်ပနေရော။

နောက်ကွယ်မှာဘယ်လိုပဲတစ်ယောက်နဲ့တစ်ယောက်အမြတ်ထုတ်ထုတ် အပြင်ပိုင်းမှာ မျက်နှာချိုချို၊စကားချိုချိုတွေနဲ့ပဲ။ အသိပညာ၊အတတ်ပညာတွေက တော်ရုံမဟုတ်တော့ ထွက်လာတဲ့စကားတွေက နားဝင်ချိုတယ်။

အနက်ရောင်အနောက်တိုင်းဝတ်ဆုံနဲ့ရှောင်းကျန့်ဟာလည်း ခပ်ချိုချိုအပြုံးလေးနဲ့ပဲ။ အတွေ့အကြုံသက်တမ်းက ရင့်လာပြီမို့လား။

ရှန်ပိန်ခွက်ကိုလှည့်ရင်း သူဟာတစ်စုံတစ်ယောက်ကို မျက်ခြေမပျက်စောင့်ကြည့်နေတယ်။ သူတို့ရှင်းဟွားသတင်းတိုက်ရဲ့ အဓိကပစ်မှတ်က လှပကျော့ရှင်းတဲ့အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ဦး။

ဥပဒေအကြံပေးဝန်ကြီးဟန်ချန်းရဲ့သမီး၊ ကာကွယ်ရေးဝန်ကြီးဝမ်ကောင်းလျန်ရဲ့ချွေးမလောင်း ဟန်ထုံထုံ။ တစ်ဖက်စောင်းနင်းအကြံတွေထွက်တဲ့ ဥပဒေအကြံပေးတဲ့အတွက် ရှင်းဟွားသတင်းတိုက်ရဲ့လက်ဆောင်က ပြင်ဆင်ပြီးသား။

Creating Subtitles [COMPLETED]Where stories live. Discover now