[2]

4.6K 454 0
                                    


Alert ; စာရေးသူသည် Myanmar Military ကိုထောက်ခံသူမဟုတ်ပါ။ ဤstory သည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။

*

Bမြို့တော်ရဲ့ရာသီဥတုက အခုတလောမမှန်ဘူး။ နေကျဲကျဲတောက်ပူနေရင်းကနေ ကောင်းကင်ဟာချက်ချင်းအုံ့မှိုင်းလာပြီး သဲကြီးမဲကြီးရွာချတတ်တယ်။

လေ့ကျင်းရေးတပ်သားတွေ လေ့ကျင့်ရေးဆင်းတဲ့ပုံမှန်အချိန်ဆိုရင် နေကအတော်ပူပြီး၊ သူတို့တွေအနားယူတဲ့အချိန်ဆိုရင် မိုးရွာတာများအညိုးတကြီးပဲ။

ကပ္ပတိန်ဝမ်ရဲ့မျက်နှာကတော့ မိုးရွာရွာ၊နေပူပူအမြဲတည်တင်းနေတော့တာပဲ။ အဲ့ဒီ့တော့ လေ့ကျင့်ရေးတပ်သားလေးတွေမှာ မညီးညူရဲကြဘူး။

တာဝန်ချိန်အတွင်းမှာ ကိုယ်ရေးကိုယ်တာအတွက် အချိန်မပေးရဘူ။ မလိုအပ်ဘဲစကားအများကြီးမပြောရဘူး။ စားနေရင်အသံမထွက်ရဘူး။ တီဗွီသတင်းချန်နယ်တွေတောင် ညပိုင်းအားလပ်ချိန်ပြပေးမှ ကြည့်ခွင့်ရှိတယ်။

အခိုအကပ်ရှိတဲ့လူတွေကို ချက်ချင်းဒဏ်ပေးပြီး လုပ်ဆောင်မှုကောင်းတဲ့လူတွေကို ဆုပေးကြတယ်။ စည်းကမ်းပိုင်းကတော့ ကပ္ပဝမ်ဆိုရင် Bမြို့တော်ရဲ့လက်အောက်ခံတွေအားလုံးက ချီးကျူးကြတယ်။

နောက်ခံကောင်းတဲ့အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလိုနေရာမျိုးရထားတာ တော်ရုံအရည်အချင်းနဲ့တော့မဟုတ်ဘူးပေါ့။ မှန်မှန်ကန်ကန်ကပ္ပတိန်ဝမ်ဆိုတဲ့ နာမည်ပြောင်တောင်ထွက်‌လာသေးတယ်။

ရင်းရှုံတပ်ရင်း၊ Bမြို့တော်မှာ အကြီးဆုံးဖြစ်တယ်။ နေထိုင်တဲ့စစ်တန်းလျားတွေဟာလည်း အစီအရီ၊ အစားအသောက်ကန်တင်းကလည်း ကျယ်ဝန်းပြီးစည်းကမ်းရှိတယ်။

နံပါတ်စဉ်ရေပြီးပြေးလွှားနေတဲ့တပ်သားတွေကို trainingပေးနေတဲ့ကပ္ပတိန်ဝမ်ဟာ ဝတ်စုံပြည့်နဲ့။ ခပ်ဖြူဖြူအသားရည်ဟာ နေလောင်ဒဏ်ကြောင့် အညိုကွက်တစ်ချို့လည်းရှိတယ်။

အနည်းငယ်ပိန်ပေမယ့် ကျစ်လစ်နေတဲ့ခန္ဓာကိုယ်ဟာ ဝတ်စုံအောက်မှာထင်းထင်းလင်းလင်း။ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းနဲ့ နေထိုးမှုကြောင့်တွန့်ချိုးနေတဲ့မျက်ခုံးတစ်စုံအောက်မှာ စူးရဲနေတဲ့မျက်လုံးတွေနဲ့။

Creating Subtitles [COMPLETED]Where stories live. Discover now