[16]

3.3K 308 3
                                    

ရှောင်းကျန့်ဟာ ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်သွားနိုင်တယ်။ အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်အနေနဲ့ သူဟာ အင်တာနက်ပေါ်က စာတွေထိုင်ဖတ်ပြီး စိတ်တိုနေရုံနဲ့မပြီးဘူးဆိုတာ ကောင်းကောင်းနားလည်တယ်။

သူတို့နှစ်ယောက်ချစ်မိလို့ ဝမ်ရိပေါ်အပြောခံနေရတဲ့ကိစ္စမှာ သူဟာ ဘာမှအသုံးမကျတဲ့လူတစ်ယောက်လို ခံစားနေရဖို့က အရမ်းကိုစိတ်ပျက်စရာကောင်းလွန်းတယ်။ ရှောင်းကျန့်ဟာလည်း ဦးဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်။

ပထမဆုံးအနေနဲ့ သူဟာဝမ်ရိပေါ်ကို ငြင်းချက်ထုတ်ဖို့၊ ဒါမှမဟုတ် ဝန်မခံဘဲတိတ်ဆိတ်နေဖို့ အကြံပေးတယ်။ ဆိုတာထက် သူ့ရဲ့အစီစဉ်ကိုပြောပြတာဆိုရင် ပိုမှန်မယ်။

ဒုတိယတစ်ခုအနေနဲ့ လူစိတ်ဝင်စားမယ့် သတင်းတစ်ပုဒ်ကို ရှာဖွေရတယ်။ ကံကောင်းတာလားမသိပေမယ့် Cမြို့တော်ရဲ့ဥပဒေအကြံပေးပြောင်းလဲတော့မယ့် သတင်းအရိပ်အမြွက်ကို ပိုင်ရန်ဟာသူ့ကိုပြောပြတယ်။

ရှောင်းကျန့်ဟာ Cမြို့တော်ကိုပြန်ပြီး အဲ့ဒီ့ကိစ္စကို ရအောင်သတင်းလိုက်တယ်။ ဟန်ဆောင်ပြီးတောင်မငြင်းချင်တဲ့ သူ့ရဲ့ဝမ်ရိပေါ်ဟာတော့ ငြင်းချက်မထုတ်ဘဲ ငြိမ်နေဖို့ရွေးလိုက်တာဖြစ်တယ်။

သူဟာ နှစ်ရက်အတွင်း ဥပဒေးအကြံပေးဝန်ကြီးပြောင်းလဲတော့မယ့်အကြောင်း သတင်းအတိအကျရလာခဲ့တယ်။ Cမြို့တော်ကလူတွေဟာ အထက်ပိုင်းကလူကြီးတွေကိစ္စကို အရမ်းစိတ်ဝင်စားကြတယ်။

ကောင်းတဲ့လူဖြစ်မလား၊ ဆိုးတဲ့လူဖြစ်မလား၊ ဘယ်လိုတိုးတက်အောင်လုပ်မှာလဲ၊ ဘာတွေတိုးတက်လာလဲ ဆိုတာမျိုးတွေပေါ့။ အဲ့ဒါကြောင့် ဥပဒေအကြံပေးဝန်ကြီးဟန်ချန်းကို သဘောမကျတဲ့လူဟာလည်း အများသားကိုး။

ရှောင်းကျန့်ဟာ အဲ့ဒီ့သတင်းကိုတင်လိုက်ပြီး ဝမ်ရိပေါ်ရဲ့‌Topic ကို အောက်ဆုံးရောက်အောင်ထိ အခြားခေါင်းစဥ်အမျိုးမျိုးကို တင်လိုက်တယ်။ လူတွေဟာ သူများအကြောင်းဆို အရမ်းစိတ်ဝင်စားကြတယ်။

သူတို့အတွက် လူစုပြီးပြောစရာစကားရဖို့အတွက် အချိန်ကုန်ခံပြီးရှာဖွေတတ်ကြတယ်။ လူတကာသိနေတဲ့ကိစ္စကို ငါမသိသေးဘူးဆိုတဲ့အတွေးနဲ့ စပ်စုတက်ကြတယ်။

Creating Subtitles [COMPLETED]Where stories live. Discover now