[14]

3.1K 321 2
                                    


မနေ့ကညမှာ သူတို့နှစ်ယောက်ဟာ အတူရှိခဲ့ကြပေမယ့် ဒီနေ့မနက်မှာ ဝမ်ရိပေါ်ဟာ ရင်းရှို့ကိုပြန်သွားရတယ်။ သူဟာ ပိတ်ရက်မရောက်သေးတာကို ခွင့်လည်းမတိုင်ဘဲ ပြန်သွားခဲ့တာမို့ အပြစ်ပေးခံရတယ်။

အပြစ်ဒဏ်ဟာ ပြင်းထန်တဲ့ညပိုင်းလေ့ကျင့်ရေးတွေကို သုံးလထရိန်းပေးရမှဖြစ်တယ်။ ဝမ်ရိပေါ်ဟာ ပြစ်ဒဏ်ကိုလက်ခံပြီးတဲ့အခါ နောက်ပိုင်း ဒီလိုစည်းကမ်းမဲ့တဲ့လုပ်ရပ်မျိုးမလုပ်အောင် လက်ထောက်ဌာနမှူးဆီက သုံးနာရီကြာအောင် အငေါက်ခံလိုက်တယ်။

သူထွက်လာခဲ့တုန်းက ရှောင်းကျန့်ဟာ အိပ်ပျော်နေတုန်းပဲရှိသေးတယ်။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ဖုန်းထဲကို ညနေပြန်လာမှာဖြစ်တဲ့အကြောင်း နုတ်မှတ်ထားခဲ့တယ်။

သူဟာ အိမ်(ရှောင်းကျန့်ရှိတဲ့တိုက်ခန်း)ကို အရမ်းပြန်ချင်နေပြီဖြစ်တယ်။ သူချစ်ရတဲ့လူဟာ အိမ်မှာသူ့ကိုစောင့်နေတယ်။ သူပြန်သွားတဲ့အခါ နွေးနွေးထွေးထွေးကြိုဆိုမယ်။

တွေးမိရုံနဲ့တင် ဒါဟာ အရမ်းကျေနပ်စရာကောင်းတယ်။ သူဟာ ဒီနေ့မှာ သူ့ရဲ့ဖြတ်စရာတာဝန်တွေကို အပြတ်ဖြတ်တယ်။

အစောပြန်တာမျိုးတော့ လုပ်လို့မရဘူးပေါ့။ သူ့ရဲ့အပြစ်ဒဏ်က ဒီနားရက်နှစ်ရက်ပြီးမှစမှာမို့လို့ ဒီနှစ်ရက်ဟာ ရှောင်းကျန့်နဲ့အတူရှိပေးရမှာဖြစ်တယ်။

နေ့လည်ရောက်တော့ လင်းရှောင်ဟာ ဝမ်ရိပေါ်တို့ဘက်ကို ရောက်လာတယ်။ စည်းကမ်းရှိတဲ့ကပ္ပတိန်ဝမ် စည်းကမ်းဖောက်တဲ့အပေါ် အားလုံးဟာ အံ့အားတစ်သင့်ပဲ။

ဝမ်ရိပေါ်ကို လေးစားတဲ့တပ်သားလေးတစ်ချို့ဟာ ' မဖြစ်နိုင်ဘူး' ဆိုတဲ့စကားကို ဝမ်ရိပေါ်အပြစ်ဒဏ်မယူခင်ထိ ပြိုင်ငြင်းနေကြတုန်းပဲ။ သူတို့ရဲ့ကပ္ပတိန်အကြောင်း သူတို့အသိဆုံးကို။

လင်းရှောင်ဟာလည်း ဝမ်ရိပေါ်ကို မမြင်ဖူးတဲ့လူတစ်ယောက်လိုကြည့်ပြီး အထူးတ‌ဆန်းဆက်ဆံတယ်။ ဒါပေမယ့် ဒါဟာ ရှောင်းကျန့်နဲ့ပတ်သတ်တယ်ဆိုမှ ' ဪ ' ဆိုတဲ့စကားတစ်ခွန်းနဲ့ ပုံမှန်ပြန်ဖြစ်သွားတယ်။

Creating Subtitles [COMPLETED]Where stories live. Discover now