[13]

3K 341 3
                                    

အချိန်တွေဟာ တစ်ရွေ့ရွေ့နဲ့။ အခုဆိုရင် ရှောင်းကျန့် Bမြို့တော်ကိုရောက်တာ သုံးလပြည့်သွားပြီဖြစ်တယ်။

ဝမ်ရိပေါ်ဟာတော့ ပိတ်ရက်တွေမှာပြန်လာပြီး ကျန်တဲ့အချိန်မှာ ဖုန်းနဲ့ဆက်သွယ်တယ်။ သူတို့ဖုန်းပြောချိန်ဟာ ကြိုးဖုန်းနဲ့ဆက်သွယ်တဲ့အချိန်ထက် အများကြီးကြာတယ်။

ဝမ်ရိပေါ်ဟာ သူ့ကိုဖွင့်ပြောပြီးနောက်ပိုင်း ပိုပြီးပွင့်လင်းလာတယ်။ သူတို့နှစ်ယောက်ဖုန်းပြောချိန်ဟာ ဝမ်ရိပေါ်ရဲ့မက်တဲ့အိမ်မက်ကအစ ပြော‌ပြတတ်တာတွေကြောင့် တစ်ခါတစ်လေ နှစ်နာရီလောက်ကြာတတ်တယ်။

ရှောင်းကျန့်ဟာ မငြီးမငြူ‌နားထောင်ပေးတယ်။ ဒါတွေဟာ အလုပ်နဲ့မသက်ဆိုင်တာ သူရော၊ဝမ်ရိပေါ်ရော သိတယ်။

တစ်ခါတစ်လေ နားထောင်သူဖြစ်နေတဲ့သူ့ကို ဝမ်ရိပေါ်ဟာလည်း စကားခေါ်ပြီး ' ကျန့်ကျန့်ရော ဘာတွေလုပ်နေလဲ' ဆိုပြီးမေးတတ်တယ်။ ဘာနဲ့စားလဲ၊ ဘာတွေချက်လဲ၊ ဘယ်ချိန်ထလဲ၊ ဘာအိမ်မက်တွေမက်လဲထိပါမေးပြီး စကားဝိုင်းကိုရှည်ကြာစေတယ်။

တစ်ခါတစ်လေမှာ ဗီဒီယိုကောလ်ခေါ်တတ်တယ်။ အဲ့ဒီ့အချိန်ဆိုရင် ရှောင်းကျန့်ဟာ သူ့ရဲ့ပုံစံကိုသေချာပြန်ပြင်ဆင်ပြီးမှ ကိုင်လေ့ရှိတယ်။

ရှောင်းကျန့်ဟာ အစောကတည်းက ဒီလူဟာ သူ့ကိုစိတ်ဝင်စားနေမှန်း သတိထားမိတယ်။ ဒါပေမယ့် အဲ့ဒီ့လိုမျိုး ရုတ်တရက်ဖွင့်ပြောခံရမယ်လို့တော့ မတွေးထားမိဘူး။

ဒါကြောင့် သူဟာတုန့်ပြန်ချက် ဘယ်လိုပေးရမယ်မှန်းမသိဘူး။ သူ့အနေနဲ့ စဉ်းစားစရာဟာ အများကြီးရှိတယ်။

Cမြို့တော်မှာ ဥပဒေအကြံပေးဝန်ကြီးရဲ့ ' လိင်တူချစ်ကြိုက်သူတွေဟာ စိတ်ရောဂါခံစားနေရတဲ့လူတွေဖြစ်ပြီး ပြုပြင်ရေးစခန်းကိုပို့သင့်ကြောင်း၊ပြုပြင်သင့်ကြောင်း ' ဆိုတဲ့အချက်ဟာ အခုထိ အကြုံးဝင်နေသေးတယ်။

ဝမ်ရိပေါ်ဟာ နာမည်ကြီးအနုပညာရှင်တွေနီးပါး လူစိတ်ဝင်စားခံရတဲ့ လူတစ်ယောက်။ နောက်ပြီး ဝမ်ရိပေါ်ဟာ သူချစ်တဲ့လူကို ပေါ်တင်ချစ်ပြချင်စိတ်ရှိတဲ့ပုံမှန်း အရမ်းသိသာစေတယ်။

Creating Subtitles [COMPLETED]Where stories live. Discover now