" ပုံမှန်အတိုင်း တစ်ခွက်ပေးကွာ "ထိုင်ခုံမှာ ဝင်ထိုင်ထိုင်လိုက်ချင်း Bartenderလေးကို မှာသောက်နေကြ အရက်တစ်ခွက်ကို မှာလိုက်သည်။
မျက်နှာအမူအရာကို အကဲခတ်မိသွားတဲ့ Bartenderလေးက အနောက်မှာရှိတဲ့ Jonnie Walker တံဆိပ် Scotch Whiskeyလေးကို ဖန်ခွက်ထဲ ထည့်၊ ပြီးတော့ ရေခဲခွက်ထဲက ရေခဲတုန်းတစ်တုံးကို ကောက်ထည့်လိုက်ကာ မြန်မြန်ဆန်ဆန်ပဲ အရှေ့ကို လာချပေးသည်။တစ်စက္ကန့်ပင် မစောင့်အား၊ ဖန်ခွက်ကို ဆွဲယူကာ တစ်ကျိုင့်တည်း မော့ချလိုက်သည်။ ပူပြင်းပြင်း အရည်တွေက လည်ချောင်းမှ ဗိုက်ထဲသို့ ရှောရှောရှူရှူ ဝင်သွား၏။
အကြောင်းသိနေပြီဖြစ်တဲ့ Bartenderလေးက ချက်ချင်း refillပြန်လုပ်ပေးသည်။စိတ်ညစ်လည်း လာသောက်၊ ပျော်စရာ ကိစ္စရှိလည်း လာသောက်၊ ဒီနေ့လို နေ့မျိုးဆိုလည်း လာသောက်၊ တစ်ပတ်မှာ အနည်းဆုံး ၄ရက်လောက် လာဖြစ်နေတော့ ဒီ Blue Note Jazz Clubရဲ့ ပုံမှန် ဖောက်သည်ဖြစ်နေလေပြီ။
" ဒါက serviceပါ Sir "
Nachosနဲ့ French Friesအနည်းငယ်ကို သပ်သပ်ရပ်ရပ်နဲ့ ပန်းကန်လုံးလေးတွေ ထည့်ကာ အရှေ့ကို လာချပေးပြန်သည်။ ပုံမှန်ဆို အမြည်းစားလေ့ စားထမရှိပေမဲ့၊ ဒီနေ့တော့ ထူးထူးဆန်းဆန်း မျက်စိရှေ့က စားစရာတွေကို အရသာရှိမယ့်ပုံနေသည့်အပြင် စားပါဟူ၍ လက်ယှက် ခေါ်နေသလိုလို။
အရက်ပြင်းကြီးကို တစ်ခါတည်း သောက်လိုက်မိတဲ့ အကျိုးဆက်တွေ စတင်ပြနေပြီလားမသိ။
French Friesတစ်ခုကို ယူလိုက်ကာ ဖြည်းဖြည်းချင်း ဝါးစားရင်း ဘေးပတ်ဝန်းကျင်ကို ငေးကြည့်မိတယ်။
ပိတ်ရက်မို့လို့လားမသိ ဒီနေ့ဆိုင်မှာ လူအတော်ကျနေ၏။Georgia
Wrap me up in all your
I want you in my armsဆိုင်မှာဖွင့်ထားတဲ့ ခပ်အေးအေး Jazzဂီတသံက ရပ်သွားပြီး ငြိမ့်ညောင်းတဲ့ သီချင်းသံတစ်ခုက ပြောင်းလဲ၍ ထွက်လာသည်။
50s, 60sခုနှစ်လောက်က old but goldieသီချင်းတစ်ပုဒ် ဖြစ်မယ်ထင်ပါ့။ စာသားတွေက လှပလွန်းတယ်။
ဖွင့်ထားတဲ့ သီချင်းသံက ဆတိုး၍ ကျယ်လာတဲ့အချိန် ဆိုင်ထဲရှိ လူအများရဲ့ စကားသံက ရုတ်တရတ်ဆိုသလို တိတ်ဆိတ်သွားတော့ ကျွန်တော်လည်း ဝီစကီခွက်ကို ချပြီး သူများတွေ ကြည့်နေတဲ့ နေရာတစ်ခုကို ယောင်တောင်ပေါင်တောင် လိုက်ကြည့်မိသည်။
YOU ARE READING
𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 | Mildangz ✔︎
Fanfictionɪ ᴡᴏᴜʟᴅ ɴᴇᴠᴇʀ ꜰᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ ᴜɴᴛɪʟ ɪ ꜰᴏᴜɴᴅ ʏᴏᴜ