I WISH
난 간절히 바래 마지막으로 널
한 번 더 보면 어떨까
그럼 달라질까 ?
............." ကျွန်တော် ခိုးသောက်မှာစိုးလို့ ဧည့်ခံစရာ အိမ်မှာ ဘာအအေးမှတော့ မရှိဘူး အစ်ကို။ ရေတော့ရှိတယ်။
ဒါမှမဟုတ် အဖေ့ရဲ့ အရက်ပုလင်းတွေထဲက သောက်မလား။ ဝိုင်ရှိတယ်၊ ပြီးတော့ ရမ်လား၊ ဝီစကီတွေလည်း ရှိတယ် အစ်ကို ဘာသောက်ချင်လဲ "" ဘန် "
ဧည့်ခန်းထဲမှာ ထိုင်ခိုင်းထားပြီး ရေခဲသေတ္တာကို မွှေနှောက်ကာ အရက်ပုလင်း နှစ်လုံးကို အရှေ့အထိ ကိုင်လာပြီး လာနောက်နေတဲ့ ကောင်လေး။
မျက်မှောင်ကြီး ကြုတ်ကာ ကြည့်ပေးလိုက်ကာမှ ရယ်ကျဲကျဲနဲ့ ဆရာ့ရဲ့ ပုလင်းတွေကို ပြန်သွားထားပြီး ရေတစ်ခွက် သယ်လာပေးတော့တယ်။
" စတာပါ။ ရော့ အခုလောလောဆယ်တော့ ရေပဲ သောက်။ ကျွန်တော် နေပြန်ကောင်းသွားမှ အစ်ကို့ကို ညစာလိုက်၀ယ်ကျွေးမယ်။ "
" တကယ်တော့ ဘန့်ရဲ့။ ဒီနေ့က ဆရာ့ရဲ့ အသိမိတ်ဆွေ တစ်ယောက်က ဒါကို အိမ်ကို ယူသွားခိုင်းလို့ လာပေးတာ တကယ်တော့ "
" ဪ ဟုတ်လား "
" ဒါဆို ကျွန်တော့်ကို စိတ်ပူလို့ လာတာ မဟုတ်ဘူးပဲ
ဒီမှာ ထားသွားလိုက်ပါ ဖေဖေလာရင် ပေးပေးလိုက်ပါ့မယ် "" အဲ့လို မဟုတ်ပါဘူး.... ကိုယ် ပြောချင်တာက တကယ်တော့ ဒါက ညနေ ရုံးဆင်းမှ သွားပေးဖို့ လုပ်ထားပေမဲ့ ဘန့်ကို စိတ်ပူလို့ စောစောလာခဲ့လိုက်တာ...."
ဘန့် မျက်နှာလေး နည်းနည်း ညှိုးသွားတာမြင်တာနဲ့ ကျွန်တော့် နှလုံးသားက သည်းမခံနိုင်။
မပြောဖို့ လုပ်ထားတဲ့ အကြောင်းအရာတွေပါ ချက်ချင်း ထုတ်ပြောချမိသည်။ တယ်ခက်ပေတယ်။
" ကျွန်တော်က စတာပါ။ အစ်ကို့ မျက်နှာလေး ခဏလောက် မြင်လိုက်ရတာနဲ့တင် ကျေနပ်နေတာ အစ်ကို ဘာကြောင့် ရောက်လာလာ ကိစ္စမရှိဘူး "
YOU ARE READING
𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 | Mildangz ✔︎
Fanficɪ ᴡᴏᴜʟᴅ ɴᴇᴠᴇʀ ꜰᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ ᴜɴᴛɪʟ ɪ ꜰᴏᴜɴᴅ ʏᴏᴜ