Love is torture
Makes me more sure
Only love can hurt like this..........
ကံကြမ္မာဆိုတာ ဘယ်တော့မှ မျက်နှာသာမပေးတတ်ပါ။
" ပတ်ဆောင်ဟွန်း!! "
ငြိမ်းချမ်းမှုကို ဖြိုခွင်းလိုက်တဲ့ ကျွန်တော့် နာမည်ကို စိတ်တိုစွာနဲ့ အော်ခေါ်လိုက်သံ။
" နူးနား... "
ချစ်ရတဲ့ တစ်ဦးတည်းသော မမက အံ့ဩတုန်လှုပ်နေဟန်ဖြင့် ကားထဲကနေ ကျွန်တော်တို့ကို စိုက်ကြည့်နေခဲ့တယ်။
အစ်ကိုအီသန်က ကျွန်တော့်ကို တွန်းထုတ်ကာ ခပ်ဝေးဝေးမှာ သွားရပ်နေနှင့်ပြီ။
ရုတ်တရတ်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုဆင်ခြေပေးရမလဲ အကြောင်းပြချက်တစ်ခုတောင် ရှာမတွေ့ခဲ့။
" နူးနား ဘယ်လိုလုပ် ဒီရောက်လာတာလဲ... "
" နင် အခုချက်ချင်း ကားပေါ်တက်လာခဲ့! "
" နူးနားမဟုတ်ဘူး ကျွန်တော်ရှင်းပြမယ်... "
" ကားပေါ်တက်ခဲ့ဆိုတာ မကြားဘူးလား ပတ်ဆောင်ဟွန်း!"
ကျွန်တော့်လက်ကို အားနဲ့ လာဆောင့်ဆွဲပြီး ကားပေါ် အတင်းတက်ခိုင်းခဲ့သည်။ ရှင်းပြခွင့်လေးတောင် မရှိခဲ့။
နောက်ဆုံးအကြိမ်အနေနဲ့ အစ်ကို့ကို ပြန်လှည့်ကြည့်မိတော့ အစ်ကိုက ကျွန်တော့်အစား အဝေးတစ်နေရာကိုသာ ငေးလို့နေခဲ့တယ်။
ကျွန်တော့်ကို ကားထဲမှာ ထားခဲ့ပြီး မမက စိတ်ဆိုးမာန်ဆိုးနဲ့ အစ်ကို့အနား လျှောက်သွားသည်။
စကားလုံးပြင်းပြင်းတွေနဲ့ ရက်စက်စွာ ဆဲဆိုခဲ့လေသလား၊ အစ်ကို့ မျက်နှာ သိသိသာသာပျက်သွားသည်။
လက်သီးကို တင်းတင်းဆုပ်ထားပြီး အံကြိတ်ထားပေမဲ့ မမပြောဆိုနေသမျှကို ဘာတစ်ခွန်းမှ တုံ့မပြန်ခဲ့တဲ့ အစ်ကို။ခဏကြာတော့ မမလည်း ကားဆီကို ပြန်လျှောက်လာတယ်။ အစ်ကိုကတော့ ညနေက ထိုင်းမှိုင်းနေတာထက်တောင် ၂ဆပိုပြီး စိတ်ပျက်သွားတဲ့ပုံ။
YOU ARE READING
𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 | Mildangz ✔︎
Fanfictionɪ ᴡᴏᴜʟᴅ ɴᴇᴠᴇʀ ꜰᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ ᴜɴᴛɪʟ ɪ ꜰᴏᴜɴᴅ ʏᴏᴜ