How could we ever just be friends?....
မြို့ပြရဲ့ နေဝင်ချိန်တွေက သေချာ ခံစားတတ်ရင် တော်တော်ကို လှတယ်။
တိုက်မြင့်ကြီးတွေကြားကနေ တဖြည်းဖြည်းချင်း တိမ်တွေရဲ့အနောက်၊ မိုးကုပ်စက်ဝိုင်းရဲ့ ဟိုးအနောက်ဘက်ကို တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ နေလုံးကြီးကို ကြည့်ရတာ ဘယ်လောက်တောင် လှလိုက်သလဲ။
လူတွေကတော့ ဒီလိုမဟုတ်ခဲ့။
နေဝင်ချိန် ညနေစောင်းဆိုတာ ရုံးဆင်းချ်ိန် အလုပ်ဆင်းချိန် ဖြစ်ကြသလို၊ တစ်ချို့သော လူတွေအတွက်တော့ အလုပ်စလုပ်ဖို့ ပြင်ဆင်ကြတဲ့ အချ်ိန်။
တီတီ ပွမ်ပွမ်မြည်နေသော မီးပွိုင့်မိ၍ တန်းစီနေကြတဲ့ ကားတန်းကြီးတွေရယ် လူအုပ်တွေကြားထဲ ရုန်းကန် တွန်းဝှေ့ပြီး သူ့ထက်ငါ အိမ်ကို စောစောပြန်ဖို့အရေး ကြိုးစားနေကြတဲ့ လူတွေကလည်း လမ်းမပေါ်မှာ များသား။
မီးနီနေ၍ လူကူးမျဉ်းကြားအရှေ့မရောက်ခင် ကားခဏရပ်ပြီး ဒီ ရှုပ်ထွေးလွန်းတဲ့ လူ့ဘဝတွေကို လေးလေးနက်နက် တွေးကြည့်ခဲ့တယ်။
တကယ်ပဲ ဘာအတွက် ဒီလောက်
ရုန်းကန်ရှင်သန်နေရတာလဲ။နေ့တိုင်း ရတဲ့ စိတ်ဖီးစီးမှုတွေရဲ့ ၃ပုံပုံရင် ၁ပုံသာရှိတဲ့ လခတွေနဲ့ ဒီလောကကြီးမှာ ဒီလိုပဲ သံသယလည်သွားရတော့မှာလား။
ဒီလောက် ကျက်သရေရှိတဲ့ ညနေစောင်း နေမင်းကြီး အိပ်တန်းတက်ချိန်တောင် ကြည့်ရှု မခံစားနိုင်ကြဘဲ လူတွေက သေချာပေါက် ဒီလိုရှင်သန်မှရမှာလား....
" ဟေ့ကောင် ဘာတွေစဉ်းစားနေတာလဲ မီးစိမ်းနေပြီဟ!! "
" ဟုတ်ကဲ့ တောင်းပန်ပါတယ် အခု သွားပါပြီ "
လူတွေကြားထဲက လူတစ်ဦးဖြစ်တဲ့ ကျွန်တော်လည်း ဒီလို ဆက်ရှင်သန်ရုံအပြင် မတတ်နိုင်ခဲ့။
ဘဝရဲ့ ကြည်နူးချိန်ဆိုတာ မီးပွိုင့်မိလို့ နေဝင်ချိန်ကို ခံစားကြည့်ရှုခွင့်ရခဲ့တဲ့ ၂မိနစ်ဆိုသော အချိန်၊ အဲ့လို တခဏလေးပါပဲလား။
YOU ARE READING
𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 | Mildangz ✔︎
Fanfictionɪ ᴡᴏᴜʟᴅ ɴᴇᴠᴇʀ ꜰᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ ᴜɴᴛɪʟ ɪ ꜰᴏᴜɴᴅ ʏᴏᴜ