⚬3

368 62 4
                                    




An art gallery could never be
as unique as you






နယူးယောက်မြို့ရဲ့ ရာသီဥတုက လူတစ်ယောက်ရဲ့ စိတ်လိုပဲ ခန့်မှန်းရခက်သည်။

နေသာနေရင်းက ချက်ချင်းဆိုသလို မိုးထရွာတတ်သလို၊ ၁၀မိနစ်လောက်နဲ့လည်း သည်းကြီးမည်းကြီး ရွာချနေတဲ့ မိုးတို့က တိတ်သွားတတ်၏။

အခုလည်း အပြင်မှာ မိုးရွာနေပြန်သည်။
ပြတင်းပေါက်မှန်ကို လာထိစင်တဲ့ မိုးရေစက်တို့ကို လက်နဲ့ ထိတွေ့ ကစားချင်မိသည်။

Brooklynရဲ့ ညနေ နေဝင်ရီတရောအချိန် ရှုခင်းလေးက ကောင်းကင်မှာ ခပ်မှိုင်းမှိုင်း မိုးတိမ်တွေနဲ့ ဖုံးလွှမ်းနေပြီး မိုးလေးများရွာချလိုက်ရင် သိပ်ကို လှတာ။
ရင်ထဲ တစ်ခုခုက လစ်ဟာနေသလို လွမ်းမောရတဲ့ ခံစားချက်ကိုလည်း ပေးနိုင်ပြန်တယ်။


" အဟွတ် အဟွတ် "

" အီသန် အဆင်ပြေရဲ့လား။
ငါ တံခါးတွေ အကုန် ပိတ်လိုက်ရမလား "

အခန်းထဲ ဝင်ဝင်လာချင်မှာပဲ ကျွန်တော့် ချောင်းဆိုးသံနဲ့ စတင် ကြိုဆိုခံလိုက်ရတဲ့ အခန်းဖော် သူငယ်ချင်းက ပျာပျာသလဲနဲ့ ကုတင်ဘေးက ပြတင်းပေါက်တွေ ပိတ်ရန် ဟန်ပြင်သည်။

A Rainy Day In New York ရုပ်ရှင်ထဲကလို မိုးရေထဲမှာ ရိုမန့်တစ်ဆန်စရာ တစ်စုံတစ်ယောက်ပင် မရှိဘဲ တစ်နေကုန် မိုးရေထဲ ထီးမပါဘဲ ဟိုသွား၊ ဒီသွား လျှောက်သွားရင်းက ဒီအခြေအနေသို့ ရောက်ခဲ့ရတော့သည်။

ခဏရွာလိုက်၊ ပြန်တိတ်လိုက် မိုးပြေးလေးက ကျောင်းကို ၃ရက်လောက် ခွင့်ယူပြီး နားလိုက်ရတဲ့အထိ အပြင်းအထန် ဖျားသွားခဲ့၍ ကျွန်တော့် အခန်းဖော်ကိုပါ  ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေခဲ့ပြီ။

" ရတယ် Steve ပြတင်းပေါက်တွေ အကုန်ပိတ်လိုက်လို့ အခန်းထဲ လေမဝင်တော့ရင် ပို အသက်ရှူကြပ်တယ် "

ကျွန်တော့် အခန်းဖော် သူငယ်ချင်း Wasianလေး Steveက သဘောတော့ အတော်ကောင်းရှာသည်။

အရင်အခန်းက သူတွေနဲ့ အဆင်မပြေခဲ့သလောက် Steveကတော့ ကျွန်တော်နဲ့ တော်တော် အကျင့်စရိုက်ဆင်တူ၍ အခန်းပြောင်းလာပြီး တစ်ပတ်အကြာမှာတင် တော်တော်ခင်ဖြစ်သွားတယ်။

𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 | Mildangz ✔︎Where stories live. Discover now