Unicode
အမုန်းများရဲ့အခြားတစ်ဖက်
Part-(1)"အကို"
တော်ဝင်တစ်ယောက်အိပ်မပျော်၍လမ်းထွက်လျှောက်နေတုန်းအရိပ်လေးတစ်ခုကြောင့်ထိုအရိပ်လေးဆီသို့လိုက်လာခဲ့ပြီးကြည့်လိုက်တော့သူ့ရဲ့အချစ်ရဆုံးညီမင်းခ...သူလဲတစ်ချက်ပြုံးလိုက်ကာဝရန်တာလက်ကိုင်တွေကိုကိုင်ထားပြီးအောက်ကိုငုံ့ကြည့်နေတဲ့ညီကြောင့်လှမ်းလိုက်သည်။
"ညီဘာဖြစ်လို့ဝရန်တာထွက်နေတာလဲညနက်နေပြီလေတော်ကြာလေစိမ်းတွေတိုက်ပြီးဖျားနေအုန်းမယ်"
တော်ဝင်ရဲ့စကားကြောင့်မင်းခတစ်ယောက်မျက်နှာလေးလှည့်လာကာညိုးငယ်သောမျက်နှာလေးဖြင့်
"အကိုညီတောင်းပန်ပါတယ်နော်"
မင်းခပြောနေရင်းနဲ့မျက်ရည်တွေကပါးပြင်ပေါ်သို့စီးဆင်းလာသောကြောင့်တော်ဝင်အပြုံးတွေလျှော့သွားကာစိတ်ပူစိတ်လေးကဖြစ်လာတော့သည်။
"ညီဘာဖြစ်လို့ငိုနေတာလဲ"
တော်ဝင်မေးရင်းနဲ့ညီဆီကိုသွားဖို့ခြေထောက်တွေကရွှေ့လိုက်ပေမယ့်...တုတ်တုတ်မျှမလှုပ်သောခနာကိုယ်ကြောင့်တော်ဝင်စိတ်တိုလာရသည်။
ဒီကြားထဲမင်းခရဲ့ထပ်ပြောလာသောစကားလေးတစ်ခွန်းကသူ့ရင်ကိုအစိမ်းခွဲလိုက်သလိုပါပဲထိုစကားလုံးလေးက
"အကိုညီဒီဘဝမှာမနေချင်တော့ဘူး
သူဆီကအချစ်ကိုမရမယ့်အတူတော့ညီသေသွားတာပိုကောင်းမယ်ထင်တယ်ညီကိုခွင့်လွှတ်ပါအကိုရာ""ဟင့်အင်းမဟုတ်ဘူးညီဘာတွေပြောနေတာလဲ"
တော်ဝင်ခေါင်းကိုတစ်သွင်သွင်ခါကာညီဆီကိုသွားချင်ပေမယ့်လဲတစ်ခုခုကချုပ်ထိန်းထားသလိုမျိုးဖြစ်နေသည်။သူသူဆိုတာဘယ်သူလဲ
"နှုတ်ဆက်ပါတယ်အကို...ညီအကို့ကိုသိပ်ချစ်တယ်ဟင့်....အား"
မင်းခစကားအဆုံးမှာမျက်ဝန်းထက်ကမျက်ရည်တွေကိုလျစ်လျူရှုပြီးမျက်စိစုံမှိတ်ကာဝရန်တာပေါ်မှခုံချလိုက်သည်။တော်ဝင်တစ်ယောက်အရူးတစ်ယောက်လိုသွေးရူးသွေးတန်းဖြင့်သူ့ရှေ့မှာဖြစ်သွားတဲ့ဖြစ်ရပ်ကိုကြည့်ပြီး
YOU ARE READING
အမုန်းများရဲ့အခြားတစ်ဖက်
Romance"မင်းပါးစပ်ကိုပိတ်ထားလိုက်ရှေးပုလဲဖြူမင်းအဖေပေးရမယ့်ပိုက်ဆံသိန်း5000ကိုမင်းတစ်သက်လုံးငါ့အိမ်မှာကျွန်အဖြစ်နဲ့နေပြီးအကျေဆပ်ပေးရမယ်မဟုတ်ရင်မင်းအဖေအသက်ကိုအာမမခံနိုင်ဘူးသေချာဆုံးဖြတ်ပါမင်းအဖေအသက်ကိုသတ်ရမလားငါ့အကြွေးတွေကိုအစေခံတစ်ယောက်အဖြစ်နဲ့ဆပ်မှာလား" ...