Part-(9)

1.6K 41 1
                                    

Unicode
🦋အမုန်းများရဲ့အခြားတစ်ဖက်🦋
                    👑Part=(9)👑

"bossအဆင်ပြေပါ့မလား"

ကားပေါ်တွင်အခြေအနေတွေအားကြည့်နေသောတော်ဝင်အားအနားသို့ကပ်ကာမေးလာသောဇိုး...သူ့ကြည့်ရတာkကိုစိတ်ပူနေတယ်ထင်ပါရဲ့

"အဆင်ပြေပါတယ်ကွာဘာလို့မပြေရမှာလဲ...ငါတို့လူတွေအကုန်အဆင်သင့်ရှိတယ်မလား...လက်နက်တွေရောအကုန်အဆင်ပြေတယ်မလား...ဟိုကအချက်ပေးတာနဲ့ငါတို့ဝင်ရမှာ..အဆင်သင့်ဖြစ်အောင်လုပ်ထား"

"ဟုတ်ကဲ့ပါboss"

ဇိုးလဲကားပေါ်မှာဆင်းကာတစ်ဖက်ကားဆီကိုသွားလိုက်သည်။

"တီ...တီ...တီ"

ကားထဲမှာကျန်ခဲ့တဲ့တော်ဝင်မှာလဲ...သေနတ်အားကျည်ဖြည့်ထားလိုက်ကာ...kရဲ့အချက်ပေးမှုကိုစောင့်နေစဥ်မှာပဲ...အိတ်ကဒ်ထဲမှဖုန်းရဲ့မြည်သံကြောင့်အမြန်ပင်ကြည့်လိုက်တော့"တော်ဝင်ဆူးခက်"ဆိုသောသူ့ရဲ့ညီမလေး

တော်ဝင်လဲစိတ်ရှုပ်ရှုပ်ဖြင့်ဖုန်းအားကိုင်လိုက်သည်။အမွှေစိန်မလေးဖုန်းဘာလို့ဆက်တာပါလိမ့်

"ဟယ်လို"

"ကိုကို!!!"

တစ်ဖက်မှ"ကိုကို"ဆိုသောခေါ်သံကသူ့ရဲ့နားစည်ပင်ကွဲထွက်သွားရသလောက်ကိုကျယ်
လောင်လွန်း၍နားအားလက်ဖြင့်ပိတ်ထားရသည်။

"တိုးတိုးခေါ်ပါဆူးခက်ရယ်ကိုကိုနားကွဲတော့မယ်သိရဲ့လား"

စောနကစိတ်ရှုပ်နေတာတွေကဆူးခက်ရဲ့အော်သံကြောင့်အဝေးကိုလွှင့်သွားရသည်။

"ဟီးကိုကိုကလဲဆူးတောင်းပန်ပါတယ်...ပြောစရာရှိလို့အရမ်းအရေးကြီးတယ်....ကိုကိုနားထောင်မှာလား"

ကြည့်ဖုန်းထဲမှာတောင်ချစ်​စရာ
ကောင်းလွန်းသောအသံလေးဖြင့်ပြောတက်တဲ့ဆူးခက်ကိုတော်ဝင်အချစ်ပိုရပါတယ်လေ...ညီ"မ"ရှိတော့တဲ့အထဲကဆူးကိုဒီထက်မကပိုချစ်ပေးခဲ့တယ်ဘာလို့ဆိုညီမလေးကိုလဲညီလိုမျိုး​ဆုံးရှုံးသွားရမှာတော်ဝင်တကယ်ကြောက်တယ်

"ပြောလေနားထောင်မှာပေါ့"

"ဆူးလေမြန်မာနိုင်ငံကိုနောက်ရက်လာလည်မလို့..."

အမုန်းများရဲ့အခြားတစ်ဖက်Où les histoires vivent. Découvrez maintenant