အမုန်းများရဲ့အခြားတစ်ဖက်
Part-(4)🦋အမုန်းများရဲ့အခြားတစ်ဖက်🦋
or
❤မာဖီယားတစ်ယောက်ရဲ့အချစ်❤
👑အပိုင်း-(4)👑"သွားစမ်း"
ရှေးအားအခန်းတစ်ခုထဲကိုအကြမ်းပတမ်းတွန်းလွှတ်လိုက်သောထိုလူကြီးကြောင့်ရှေးမှာအသားတွေလဲနာနေရတော့သည်။
"ဘယ်သွားမလို့လဲရှေးပုလဲဖြူ"
သူမလဲအဲ့ဒီအခန်းထဲမှပြန်ထွက်ဖို့လုပ်လိုက်ပေမယ့်အေးစက်စက်ခေါ်သံတစ်ခုကြောင့်ခနာကိုယ်လေးကတွန့်သွားရသည်။
သူမဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့တော်ဝင်ဖြစ်နေ၍စကားပြောဖို့လုပ်လိုက်ပေမယ့်ပိတ်ခံထားရတဲ့တိတ်ကြောင့်တော်ဝင်ဆီသွားလိုက်ကာတိတ်ခွာပေးဖို့အသားနားခံတဲ့မျက်ဝန်းများဖြင့်ကြည့်လိုက်တော့
"တိတ်ခွာပေးခိုင်းတာလား"
"အွမ်း...အွမ်း"
သူမခေါင်းအားတစ်သွင်သွင်ငြိမ့်ပြလိုက်တော့တော်ဝင်ကပါးစပ်ကတိတ်အားကြမ်းကြမ်းတမ်းတမ်းဆွဲခွာပေးလိုက်တယ်
"အာ့...နာလိုက်တာပေါက်သွားပြီလားမသိဘူး"
"အပိုတွေမလုပ်စမ်းပါနဲ့မင်းတို့မိန်းကလေးတွေကလေဘာမဟုတ်တဲ့ဟာကိုမူယာမာယာများပြီးအပိုတွေအရမ်းလုပ်တာ"
"ဟို...တောင်းပန်ပါတယ်...ဒါနဲ့ကြိုးလေးပါဖြည်ပေးအင့်"
သူမစကားပင်မဆုံးသေးတစ်ဖက်ကိုအရှိန်ပြင်းပြင်းဖြင့်အလှည့်ခံလိုက်ရ၍ဘေးနားကနံရံနဲ့ခနာကိုယ်ကတစ်သားထဲဖြစ်သွားသည်။
အနောက်ကတော်ဝင်အတ္တမှာလဲလက်နောက်ပြန်ချည်ခံထားရတဲ့ကြိုးတွေးအားစိတ်မရှည်စွာဖြည်ပေးနေသည်။
အားလုံးပြီးသွားတဲ့အခါကျမှရှေးသူ့နောက်မှာရပ်နေတဲ့တော်ဝင်နှင့်မျက်နှာချင်းဆိုင်မှာရပ်လိုက်ကာ
"ရှေးကိုခေါ်ခိုင်းတာလားတော်ဝင်အတ္တ"
"ဟုတ်တယ်ငါခေါ်ခိုင်းတာ"
YOU ARE READING
အမုန်းများရဲ့အခြားတစ်ဖက်
Romance"မင်းပါးစပ်ကိုပိတ်ထားလိုက်ရှေးပုလဲဖြူမင်းအဖေပေးရမယ့်ပိုက်ဆံသိန်း5000ကိုမင်းတစ်သက်လုံးငါ့အိမ်မှာကျွန်အဖြစ်နဲ့နေပြီးအကျေဆပ်ပေးရမယ်မဟုတ်ရင်မင်းအဖေအသက်ကိုအာမမခံနိုင်ဘူးသေချာဆုံးဖြတ်ပါမင်းအဖေအသက်ကိုသတ်ရမလားငါ့အကြွေးတွေကိုအစေခံတစ်ယောက်အဖြစ်နဲ့ဆပ်မှာလား" ...