Part-(7)

1.7K 46 5
                                    

Unicode

🦋အမုန်းများရဲ့အခြားတစ်ဖက်🦋
            Part-(7)

 "အင်းးးး"

တော်ဝင်အကြောတစ်ချက်ဆန့်လိုက်ကာဘေးနားကိုလက်ဖြင့်စမ်းကြည့်လိုက်တော့

လစ်ဟင်းနေသောအိပ်ယာခင်းလေးအားစမ်းမိ၍မျက်လုံးတွေချင်ချင်းဖွင့်လိုက်ကာပြာပြာသလဲကြည့်လိုက်မိတော့တွေ့လိုက်ရတာက

သွေးစလေးတွေဖြင့်စွန်းထင်းနေတဲ့အိပ်ယာခင်းအဖြူရောင်လေး

တစ်ချိန်ထဲခေါင်းထဲမှာလဲမနေ့ကဖြစ်ခဲ့တဲ့အရာတွေအားရုပ်ရှင်ပြသလိုဖျက်ခနဲဖျက်ခနဲဖြင့်....အမြင်အာရုံတွေမှာပေါ်လာတော့သည်။

"ကျစ်...တကယ်ပါပဲ...Viginကြီးလား"

တော်ဝင်စိတ်ရှုပ်လွန်းလို့ဘာလုပ်ရမှာလဲကိုမသိတော့...သူအခုမိန်းမတစ်ယောက်နဲ့အိပ်ခဲ့ပြီတဲ့လားသူ့ညီကိုသေစေခဲ့တဲ့မိန်းမနဲ့လေ
.
.
.
.
.
"သမီးမျက်နှာလဲမကောင်းပါလားဘာဖြစ်လို့လဲ"

"မဟုတ်ပါဘူးကြီးမေရယ်...ဒီတိုင်းပါပဲ...ခေါင်းနည်းနည်းမှုးနေလို့"

ဟုတ်သည်။ရှေးခေါင်းအရမ်းမှုးနေတယ်...ဘာပဲဖြစ်ဖြစ်တော်ဝင်ဆီကအပြင်းဆုံးစကားလုံးတွေကိုရှေးမကြားချင်တော့လို့...နာကျင်မှုကိုသည်းခံပြီး...လုပ်စရာရှိတာလုပ်နေရသည်။

ညတုန်းကအကြောင်းတွေကိုလဲရှေးမေ့ပြစ်လိုက်တော့မယ်...သူနဲ့နောက်ဆိုလုံးဝမျက်နှာချင်းမဆိုင်ရင်ရပြီလေ....

​"သမီးရယ်အဲ့ဒါအခန်းထဲမှာနားလိုက်ပါလားကွယ်"

"ရပါတယ်ကြီးမေရှေးအဆင်ပြေပါတယ်...ပြီးရင်တော်ဝင်အဝတ်တွေလဲလျှော်ပေးရအုန်းမယ်...ဟင်း...အခုမုန့်ပန်းကန်လေးတွေရွှေ့ပေးထားခဲ့မယ်"
(တော်ဝင်ကအဝတ်လျှော်စက်နဲ့မလျှော်ခိုင်းလို့ပါ)

ကြီးမေကတော့သူမအားသနားဂရုဏာအကြည့်လေးတွေဖြင့်ကြည့်နေတော့သည်။

ဒါကလဲမဆန်းပါဘူးကျောင်းတက်နေတဲ့အရွှယ်ကိုမှတော်ဝင်ကကျောင်းထုတ်ပြီးသူ့အိမ်မှာကျွန်လာလုပ်ခိုင်းနေတာဆိုတော့လေ

အမုန်းများရဲ့အခြားတစ်ဖက်Where stories live. Discover now