Unicode
အမုန်းများရဲ့အခြားတစ်ဖက်
Part-(2)"ရက်စ်full houseပဲ...အကြွေးတွေတော့တစ်ချီထဲနဲ့ရှင်းပြီ"
ထိုသို့ပြောကာဦးနေလင်းရောင်အရှေ့ကနိုင်တဲ့ဟာတွေကိုယူဖို့လုပ်စဥ်
"ဟေ့ခဏနေပါအုံးလူကြီးမင်း"
အသံလာရာကိုကြည့်လိုက်တော့ချောမောသေသပ်တဲ့လူငယ်တစ်ယောက်သူအလိုမကျစွာမျက်မှောင်ကြုတ်ပြီးလက်တွေကရပ်တန့်သွားရသည်။
"စိတ်မကောင်းပါဘူး"
သူရဲ့အရှေ့ကိုရောက်လာသောဖဲကပ်နှစ်ကဒ်ကြောင့်မျက်လုံးပြူးသွားရသည်။ဘေးနားကလူတွေကလဲ"ဝေါင်း"ဆိုတဲ့အသံထွက်လာကာလက်ခုံတီးနေကြသည်။
ဦးနေလင်းရောင်လက်သီးကိုစုပ်လိုက်ပြီး
"ဒါမင်းညစ်တာပဲ"
"အဟက်ဘာကိုညစ်တာလဲလူကြီးမင်း...ဒါကဖဲရိုက်တာလေ"
"တောက်မင်း!!!"
ဦးနေလင်းရောင်ဘာမှဆက်မပြောတော့ပဲအနားမှာရှိတဲ့အရက်ခွက်ကိုမော့သောက်လိုက်ပြီးသူဆပ်ရမယ့်အကြွေးရှင်တွေအကြောင်းတွေးပြီးရင်တွေပူလာရသည်။ရှိသမျှကလဲအကုန်ပြောင်ပြီအခုဘာလုပ်သင့်လဲဟုတ်ပြီBright ငွေကြေးcorporateအဲ့ကိုသွားပြီးလိုတဲ့ပိုက်ဆံကိုချေးရမယ်
(ဒါကစိတ်ကူးထဲကနာမည်ပါနော်Bright)
.
.
.
.
.
"ကိုကို"နေသူရိန်သူ့ရှေ့ကသဘာဝတရားများကိုအငေးလွန်းနေတာအနားသို့ရောက်လာသောရှေးဆီမှကိုကိုဆိုတဲ့ငြိုးငယ်တဲ့အသံလေးကြားမှလှည့်ကြည့်လိုက်တော့...သူ့ဘေးနားမှာလာထိုင်ပြီးခေါင်းငုံ့ထားတဲ့သူမကြောင့်
"ရှေးဘာဖြစ်လို့လဲခလေးလေး"
နေသူရိန်သူမရဲ့ခေါင်းလေးအားလက်ဖြင့်ပုတ်ပေးကာပြောလိုက်တော့အားငယ်နေသောမျက်ဝန်းတွေဖြင့်သူ့အားမော့ကြည့်လာသည်။
"ကိုကိုဟိုအကြောင်းသိပြီးပြီလားဟင်"
"အင်းကိုကိုသိပြီးပြီ...ဖြူလွှာကအကုန်ပြောပြပြီးအကြောင်းစုံရှင်းပြထားလို့ကိုကိုကရှေးကိုတောင်စိတ်ပူနေတာ"
YOU ARE READING
အမုန်းများရဲ့အခြားတစ်ဖက်
Romance"မင်းပါးစပ်ကိုပိတ်ထားလိုက်ရှေးပုလဲဖြူမင်းအဖေပေးရမယ့်ပိုက်ဆံသိန်း5000ကိုမင်းတစ်သက်လုံးငါ့အိမ်မှာကျွန်အဖြစ်နဲ့နေပြီးအကျေဆပ်ပေးရမယ်မဟုတ်ရင်မင်းအဖေအသက်ကိုအာမမခံနိုင်ဘူးသေချာဆုံးဖြတ်ပါမင်းအဖေအသက်ကိုသတ်ရမလားငါ့အကြွေးတွေကိုအစေခံတစ်ယောက်အဖြစ်နဲ့ဆပ်မှာလား" ...