အမုန်းများရဲ့အခြားတစ်ဖက်
Part-(3)🍁ဘာလိုလိုနဲ့1လဆိုတဲ့အချိန်ကရောက်လာပြီလေရှေးပုလဲဖြူဆိုတဲ့သူမလေးကတော့အရင်တုန်းကလိုပဲဖြူဖြူစင်စင်ကောင်မလေးတစ်ယောက်ဖြစ်နေတုန်းပါပဲ🍁
ဦးနေလင်းရောင်ဆိုတဲ့ရှေးရဲ့အဖေကတော့ရမလားဆိုတဲ့စိတ်နဲ့တော်ဝင်အတ္တဆီကချေးထားသောငွေများနှင့်casinoရုံမှာအချိန်ဖြုန်းနေတော့သည်။1လဆိုတဲ့အချိန်ကိုသူတောင်မသိပဲရောက်သွားပြီလေ
တော်ဝင်အတ္တဆိုတဲ့လူကလဲရှေးနဲ့ဦးနေလင်းရောင်ကိုသူ့ရဲ့လက်ခုပ်ထဲကရေဖြစ်တော့မယ်ဆိုတဲ့အကြံနဲ့အောင်နိုင်သူပီပီပြုံးနိုင်နေလေပြီ
👑👑👑👑👑👑👑👑👑👑👑👑👑👑👑
"တောင်"
ရှေးအိမ်နေရင်းမို့သနပ်ခါးပါးပါးလေးလိမ်းနေတုန်းမက်ဆေ့ဝင်လာသောကြောင့်ဖုန်းအားကြည့်လိုက်တော့"ကိုကို"ဖြစ်နေသည်။
"ရှေးကိုကိုတို့ဒီနေ့အပြင်မှာလျှောက်လည်ကြမလား"
ရှေးတစ်ချက်ပြုံးလိုက်ကာ...စာရိုက်ပြီးပို့လိုက်တယ်
"ဟုတ်ကိုကိုလျှောက်လည်ကြတာပေါ့...10နာရီလောက်လမ်းထိပ်လေးမှာလာစောင့်နေနော်ရှေးထွက်လာခဲ့မယ်"
သူမဖုန်းလေးအားပြန်ချလိုက်ကာနာရီကိုကြည့်လိုက်တော့9နာရီခွဲနေပြီဖြစ်သောကြောင့်ပြင်ဆင်စရာရှိတာပြင်ရအုန်းမည်
.
.
.
.
.
"ဦးနေလင်းရောင်သတ်မှတ်အချိန်ကျော်သွားပြီနော်ဘယ်မှာလဲကျုပ်ရဲ့ပိုက်ဆံ"မျက်နှာထားတည်တည်ဖြင့်ဦးနေလင်းရောင်အားတော်ဝင်ပြောလိုက်သည်။
"အဲ့ဒါကနောက်တစ်ပတ်လောက်ထပ်စောင့်ပေးလို့ရမလား"
"no...လုံးဝကိုမရဘူးကျွန်တော့်ချေးငွေကိုခဗျားယူကထဲက1လအတွင်းပြန်ပေးရမယ်လို့ပြောထားတယ်မလား"
တော်ဝင်သူ့အရှေ့ကဝိုင်အားမော့သောက်လိုက်ပြီးလက်ထဲကသေနတ်အားဦးနေလင်းရောင်မြင်အောင်ကိုခုံပေါ်တင်ထားလိုက်သည်။
"တကယ်အဆင်မပြေသေးလို့ပါ"
"ကျစ်ဒါဆိုကျွန်တော်လိုချင်တာကိုခဗျားပေးနိုင်မလား...အဲ့ဒါဆိုခဗျားချေးထားတဲ့သိန်း5000ကိုပြန်ပေးစရာမလိုတော့ဘူး"
YOU ARE READING
အမုန်းများရဲ့အခြားတစ်ဖက်
Romance"မင်းပါးစပ်ကိုပိတ်ထားလိုက်ရှေးပုလဲဖြူမင်းအဖေပေးရမယ့်ပိုက်ဆံသိန်း5000ကိုမင်းတစ်သက်လုံးငါ့အိမ်မှာကျွန်အဖြစ်နဲ့နေပြီးအကျေဆပ်ပေးရမယ်မဟုတ်ရင်မင်းအဖေအသက်ကိုအာမမခံနိုင်ဘူးသေချာဆုံးဖြတ်ပါမင်းအဖေအသက်ကိုသတ်ရမလားငါ့အကြွေးတွေကိုအစေခံတစ်ယောက်အဖြစ်နဲ့ဆပ်မှာလား" ...