လွန်ခဲ့တဲ့ဆယ်နှစ်၊ Subaru အထက်တန်းကျောင်းသားအရွယ်လောက်တုန်းက သူ့ပတ်ဝန်းကျင်ကအရာတွေ တစစနဲ့ ပျောက်ဆုံးသွားခဲ့တယ်။ ပျောက်ဆုံးသွားတယ် ဆိုတာက အသင့်တော်ဆုံး စကားလုံးတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ၊ အဲ့ဒီအရာတွေက ပျောက်ဆုံးသွားခဲ့ပြီးတော့ ထပ်တူညီတဲ့ အသစ်တွေက အစားထိုးဝင်လာခဲ့တယ်။
သူအရမ်းသဘောကျခဲ့တဲ့ ခဲသားဖောင်တိန်လေး၊ ကုန်လုနီးပါးဖြစ်နေတဲ့ ခဲဖျက်၊ မှင်တွေခြောက်လုနီးပါးဖြစ်နေတဲ့ highlighter တွေ၊ ပြီးတော့ အနားစွန်းတွေ ကျိုးနေတဲ့ သူ့ဘောပင်အိတ်အကြည်လေး၊ အချိန်အတန်ကြာ သံုးခဲ့လို့ ဟောင်းနွမ်းနေတဲ့ ပေတံနဲ့ ဂျာစီအင်္ကျီ.. အားလုံးက အသစ်တွေနဲ့အစားထိုးခံလိုက်ရတယ်။
သူ့ဘောပင်အိတ်ထဲရှိသမျှ ပစ္စည်းတွေက အသစ်အဖြစ်နဲ့ တစ်ခုမကျန် ပြည့်ပြည့်စုံစုံ ပြန်ရောက်လာခဲ့တာ။
Subaru ကတော့ အဲ့ဒီဖြစ်ရပ်က ဆန်းကျယ်ပြီး သာမန်မဟုတ်တဲ့ကိစ္စတစ်ရပ်လို့တော့ မထင်ခဲ့ပါဘူး။ ပြောရရင် Subaru ကိုယ်တိုင်က သူ့ပစ္စည်းအဟောင်းတွေကို စွန့်ပစ်ဖို့တွေးနေတဲ့အချိန်မှာ ဖြစ်သွားခဲ့တာ။ ပြီးတော့ ဒါကိုလုပ်သွားတဲ့တရားခံက ဘယ်သူဆိုတာကိုလည်း သူသိခဲ့ရတယ်လေ။
တရားခံက သူတို့အတန်းထဲက ဂြိုဟ်သားနဲ့တူတဲ့ကောင်လေး ဖြစ်နေခဲ့တယ်။
YOU ARE READING
ကြယ်စင်တွေခူးဆွတ်မယ်
General Fictionအလုပ်ပြုတ်သွားပြီးတဲ့နောက်မှာ ချစ်သူနဲ့လည်း ပြတ်စဲသွားခဲ့ပြီးတော့ "ကြယ်တွေကြည့်ချင်တယ်" ဆိုတဲ့ အတွေးနဲ့ ဘာအစီအစဉ်မှမရှိပါဘဲ Hokkaido ကိုရောက်လာခဲ့တဲ့ Subaru အထက်တန်းကျောင်းသားဘဝကတည်းက Subaru ကိုတစ်ဖက်သတ်ချစ်နေခဲ့ပြီး ကျောင်းဆင်းပွဲလုပ်တဲ့နေ့မှာ ဖွင...