6

341 25 5
                                    

"ဟမ်.."

ဆူဘရု သူ့ဘောပင်အိတ်ကိုဖွင့်ကြည့်လိုက်ရင်း ခေါင်းကိုအသာစောင်းငဲ့လိုက်သည်။ သူဝယ်ထားတာမဟုတ်သည့် ခဲဖျက်အသစ်လေးက ပလတ်စတစ်ပင်မခွါရသေးဘဲ ဘောပင်အိတ်ထဲအခန့်သားရှိနေခဲ့သည်။ တံဆိပ်ကတော့ သူအမြဲသုံးတတ်သည့်တံဆိပ်မှန်ပေမယ့်လို့ သူလက်ရှိသုံးနေသည့် ခဲဖျက်အဟောင်းကတော့ ဘောပင်အိတ်ထဲမှပျောက်သွားပြီဖြစ်သည်။

ခဲဖျက်အသစ်လေးကိုထုတ်ယူလိုက်ကာ "ထပ်ပြီးရောက်နေပြန်ပြီ" ဟု သူတွေးလိုက်ရင်း စိုက်ကြည့်နေမိသည်။

ဒီတစ်ကြိမ်က သုံးကြိမ်မြောက်ဖြစ်သည်။ အရင်တစ်ခါကဆိုလျှင် မှင်ကုန်ခါနီး highlighter ဘောပင်လေးက ပျောက်သွားခဲ့သည်၊ ထို့အတူပဲ သူအလယ်တန်းကတည်းက သုံးခဲ့သည့် ခဲသားဖောင်တိန်လည်း ပျောက်သွားသည်။ အသစ်ဝယ်ရန် သူတွေးမိလိုက်ချိန်မှာပဲ ပျောက်သွားတဲ့ပစ္စည်းတွေအစား အသစ်တွေရောက်နေခဲ့သည်။

"ဘာလဲကွာ.."

ဆူဘရုက ပစ္စည်းအသစ်ရလို့ ဘာမှမတွေးဘဲပျော်နေရလောက်အောင် အတွေးရိုးရှင်းတဲ့သူတော့မဟုတ်ပေ။

တစ်ယောက်ယောက်က သူ့ပစ္စည်းတွေကိုအသစ်တွေနဲ့ လဲပေးနေတာသေချာပေမယ့် အဲ့တစ်ယောက်ယောက်ရဲ့ရည်ရွယ်ချက်ကဘာမှန်းမသိတာကြောင့် သူကျောချမ်းသလိုတောင်ခံစားရသည်။ သူ့ဘာသာပွစိပွစိရေရွတ်နေရင်း ခဲဖျက်လေးကိုကြည့်နေချိန်မှာပဲ ကျောင်းတက်ခေါင်းလောင်းကမြည်လာခဲ့သည်။

ဆူဘရုက သူ့အနောက်ဘက်မျက်စောင်းထိုးခုံမှာထိုင်နေသူကို လှည့်ကြည့်လိုက်သည်။ ထိုင်ခုံပိုင်ရှင်က သူခိုးလူမိသွားသလို အထိတ်တလန့်နှင့်အလျင်အမြန်ပဲခေါင်းငုံ့ချလိုက်သည်။ ကြည့်ရတာတော့ သူကတချိန်လုံးဆူဘရုကိုစိုက်ကြည့်နေခဲ့ပုံပင်။ သူအလျင်အမြန်ခေါင်းငုံ့လိုက်ပေမယ့် အချိန်ကိုက်မဖြစ်တာကြောင့် ဆူဘရုဘက်မှ သိသွားသည်ပင်။

တိုခီဇဝပင်။

အထက်တန်းဒုတိယနှစ်ဖြစ်လာပြီး စာသင်ခန်းပြောင်းသွားသော်ငြား တိုခီဇဝနှင့်ဆူဘရုကတော့ အတန်းတူနေဆဲပင်။

You've reached the end of published parts.

⏰ Last updated: Jun 11, 2023 ⏰

Add this story to your Library to get notified about new parts!

ကြယ်စင်တွေခူးဆွတ်မယ် Where stories live. Discover now