2

270 38 1
                                    

ဆူဘရု အခုတက်‌နေတဲ့ အထက်တန်းကျောင်းကို ရွေးချယ်ဖြစ်ခဲ့တာက ဒီကျောင်းကနက္ခတ်တာရာကလပ်အသင်းရှိသည့် အနီးဆုံးကျောင်းဖြစ်နေတာကြောင့်ပင်။ သူ့မိဘတွေကတော့ သူဒီကျောင်းမှာတက်မှာကို အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဒီကျောင်းက အိမ်နှင့်ဝေးလွန်းသည့်အပြင် သူ့အခြေအနေနှင့်ဆို ဒီထက် အဆင့်မြင့်သည့်ကျောင်းကို ရွေးသင့်သည်ဟု တွေးခဲ့ကြသည်။

ဒီကျောင်းမှာရှိလေသည့် နက္ခတ္တဗေဒအသင်းက ထူးခြားသည်။ အရမ်းခမ်းနားတဲ့ နက္ခတ်တာရာကြည့်မှန်ပြောင်းတွေရှိလေပြီး ထိုမှန်ပြောင်းများက အဆင့်မြင့်ပစ္စည်းများဖြစ်သည့်အတွက် အထက်တန်းကျောင်းသားများ ကိုင်တွယ်အသုံးပြုဖို့ဆိုလျှင် လိုအပ်သည်ထက်တောင် ပိုကောင်းမွန်နေသေးသည်။ အသင်းက တစ်လတစ်ခါဆုံကြပြီးတော့ နွေရာသီနှင့် ဆောင်းရာသီမှာဆိုလျှင် သူတို့အတူနေဖို့နေရာများပင် ရှိလေသည်။ အသင်း၏ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာလည်းရှိပြီး အဲ့ဒါက ဆူဘရုတစ်ယောက် အလယ်တန်းကျောင်းသားဘဝတစ်လျှောက်လုံး ဝင်ကြည့်ခဲ့သည့် အင်တာနက်စာမျက်နှာဖြစ်ေလသည်။ အသင်းသားတွေကို ကြည့်ရတာက အရမ်းကိုပျော်နေတဲ့ပုံပေါက်တာကြောင့် သူအရမ်းကို မနာလိုဖြစ်ခဲ့ရသည်။

ဒီနက္ခတ္တဗေဒအသင်းကို သူမဖြစ်မနေဝင်ချင်ခဲ့သည်။ ကျောင်းအထိလာရတဲ့ သွားလာရေးစရိတ်က ပိုက်ဆံကုန်လွန်းတဲ့အတွက် သူ့အနေနှင့်အထက်တန်းသုံးနှစ်စလုံး သူ့မိဘတွေဆီကနေ မုန့်ဖိုးမတောင်းတော့ဘူးဟုပင် ဆုံးဖြတ်ခဲ့သည်။ အကယ်၍များ မုန့်ဖိုးအပိုမယူရုံနှင့်တင် သူ့သွားလာရေးစရိတ်ကို မကာမိသေးဘူးဆိုပါက သူအလုပ်လုပ်ပြီး ပြန်ရှာပေးဖို့ပင်တွေးထားသည်။

ဆူဘရုအနေနှင့်သူ့မိဘများအပေါ်တွင်ဘယ်တုန်းကမှ တစ်ကိုယ်ကောင်းဆန်တဲ့ တောင်းဆိုမှုမျိုးမလုပ်ခဲ့ဖူးတဲ့အတွက် သူ့မိဘတွေက စိတ်လျှော့ပေးလိုက်ပုံရသည်။ သူက မိဘတွေပြောသမျှကို တသွေမသိမ်းနားထောင်ပြီး မိဘတွေရဲ့မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတဲ့ ကလေးမျိုးဖြစ်ခဲ့လေသည်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဒီအထက်တန်းကျောင်းကိုပဲရွေးမည်ဟုဆိုပြီး ခေါင်းမာနေခဲ့သည့်အတွက် သူ့မိဘတွေက အဆုံးမှာတော့ လက်လျှော့ပြီး ခွင့်ပြုလိုက်ကြရသည်။

ကြယ်စင်တွေခူးဆွတ်မယ် Where stories live. Discover now